(Zawgyi)
"တော်တော့...လူတွေကြည့်နေတယ်လေ"
ရှောင်းကျန့်က နှစ်ယောက်စလုံးကိုဝေ့ကြည့်ပြီး အသံကြိတ်ကြိတ်နဲ့ သတိပေးသလိုပြောတယ်။
"စောရီး..ဝမ်ရိပေါ်...တို့လူကြီးမဆန်သလိုဖြစ်သွားတယ်"
"......."
လွယ်လွယ်ကူကူထွက်လာတဲ့စကားတွေမှာ စိတ်ရင်းပါသလား၊မပါသလား ဝမ်ရိပေါ်စိတ်မဝင်စားဘူး။
ရှောင်းကျန့်မျက်နှာကြောင့် ပြေရာပြေကြောင်းပြောတယ်လို့ပဲသူယုံတယ်။ သူ နှုတ်ဆိတ်နေမိတယ်။
ပြန်ပြီးတောင်းပန်ချင်စိတ်မရှိ...
ဒေါသကလည်း အလုံးစုံပြေလျော့မသွားသေး။"ရိပေါ်..."
ရှောင်းကျန့်အသံက ဖိအားတစ်ခုနဲ့..
မျက်နှာက ခပ်တည်တည်။
ဝမ်ရိပေါ် မကျေမနပ်အကြည့်လွှဲမိတယ်။"ဘာကိုလဲ.. ကျွန်တော်ဘာမှားနေလို့လဲ?"
"မှားတာမမှားတာထက်...ရိုင်းစိုင်းမှုအတွက် တောင်းပန်ရမယ်လေ ဘေဘီရယ်"
တင်းမာနေတဲ့အသံက ချက်ချင်းပျော့ပျောင်းသွားတယ်။
မျက်ဝန်းတွေက နူးညံ့လာတယ်။
ဝမ်ရိပေါ် ရင်ထဲမှာနွေးခနဲ...
သို့သည့်တိုင် ချက်ချင်းပြေလျော့တောင်းပန်ဖို့ရာ သူ့မာနထုထည်က လက်မခံနိုင်။"ဒါပေမယ့်~~"
"ရပါတယ်...ငါနားလည်တယ်.. သူ့ကိုအတင်းဖိအားမပေးပါနဲ့"
"ငါပဲ ကြားထဲကတောင်းပန်ပါတယ်..."
"ရပါတယ်ဟာ"
ယူရီက ခပ်ပါးပါးပြုံးပြတယ်။
ဝမ်ရိပေါ် သက်ပြင်းချမိတယ်...
စိတ်ပျက်ခြင်းများစွာနဲ့။
နောက်ဆုံးတော့ သူကသာ ကလေးဆန်သူ၊ နားလည်မှုနည်းပါးသူတစ်ယောက်အနေနဲ့ ဒီပြဿနာကိုအဆုံးသတ်လိုက်ရတယ်။"ကျွန်တော် သွားတော့မယ်"
ပြောရင်းဆိုရင်း ထွက်သွားဖို့ပြင်နေတဲ့ ဝမ်ရိပေါ်ရဲ့လက်ကို ရှောင်းကျန့်ဖမ်းဆွဲထားလိုက်တယ်။ သူ့အသားကိုမထိနဲ့ လို့သဘောသက်ရောက်တဲ့ မှုန်တေတေအကြည့်တွေ။
စိတ်ထဲကမပါမှန်း သိနေတာမို့ ရှောင်းကျန့်အားထည့်ပြီး ပိုဖျစ်ညှစ်လိုက်မိတယ်။
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)