part 6

8.9K 1.1K 8
                                    

(Zawgyi)

ဝမ်ရိပေါ်ရဲ့စိတ်မှာ ဒဏ်ရာတွေရှိတယ်
တဖွဖွပွတ်သပ်မနေပဲ သူ့ဘာသာသိုဝှက်ပစ်လိုက်တဲ့ ဒဏ်ရာတွေ။
သူ့အတွက် တစ်ဦးတစ်ယောက်ဆီကထွးပွေ့မှု ဆိုတာမျိုး မမျှော်လင့်ခဲ့ဘူး.. ရှောင်းကျန့်နဲ့ မတွေ့ခင်အချိန်တွေအထိ။

ဝမ်ရိပေါ်အသက်၆နှစ်အရွယ်မှာ သူ့အဖေဆုံးတယ်။
ချက်ချင်း နောက်အိမ်ထောင်ပြုလိုက်တဲ့ အမေဖြစ်သူကို အပြစ်တင်တယ်ဆိုတဲ့ ခံစားမှုမျိုးကိုတောင် ဝမ်ရိပေါ်နားမလည်တတ်ခဲ့ဘူး။

နောက်အိမ်ထောင်နဲ့ရတဲ့ ညီမလေးကိုအရမ်းချစ်တဲ့ အမေက သူ့ကိုတော့ ဘာကြောင့်ပြုံးတောင်မပြခဲ့ဖူးသလဲ ဆိုတဲ့မေးခွန်းကို ဝမ်ရိပေါ် သူ့ကိုယ်သူပြန်မေးပြီး သူ့ဘာသာအဖြေပေးတယ်။
အမေက အဖေ့ကိုမချစ်လို့... ပြီးတော့ သူက အမေ,မလိုချင်ပဲမွေးခဲ့တဲ့ကလေးဖြစ်နေလို့။
အဖေနဲ့အမေရန်ဖြစ်တိုင်း ပြောခဲ့ဖူးတဲ့စကားတွေမို့ ဝမ်ရိပေါ်က အသွေးထဲအသားထဲအထိ မှတ်မိနေပြီ။

အဖေမရှိတော့တဲ့ အသက်၆နှစ်အရွယ်ကလေးအတွက် အားကိုးပြီးတွယ်တာစရာက ကမ္ဘာပေါ်မှာသူ့အမေကလွဲပြီး ဘာမှမရှိခဲ့ဘူး။ တကယ်လိုချင်နေတဲ့၊လိုအပ်နေတဲ့ နွေးထွေးဂရုစိုက်မှုမျိုး အမေ့ဆီကမရနိုင်တဲ့အခါ......
ဝမ်ရိပေါ်က အညွန့်ချိုးခံလိုက်ရတဲ့ အပင်ပေါက်လေးလိုပဲ။
ဒါပေမယ့် သူကြိုးစားပြီးရပ်တည်ခဲ့တယ်။
ငယ်ငယ်ကတော့ အမေ့ကိုမလိုအပ်တော့ဘူး...ဆိုတဲ့၊
အရွယ်ရောက်လာတော့ ဘယ်သူ့ကိုမှမလိုအပ်ဘူး...ဆိုတဲ့ အတွေးမျိုးနဲ့ ဝမ်ရိပေါ်က တစ်လောကလုံးကို အရွဲ့တိုက်ပြီး ကြီးပြင်းလာတာ။

တစ်နေ့တော့ အပင်ပေါက်လေးက သူ့ရဲ့မိုးရာသီကို ရှာတွေ့ခဲ့တယ်။ အဲ့တာက ရှောင်းကျန့်ပဲ။

"ကိုယ် အစည်းအဝေးရှိလို့ အိမ်ပြန်နောက်ကျမယ်"

ဖုန်းထဲမှာ ရှောင်းကျန့်အသံက အားရစရာမရှိဘူး။ ကုမ္မဏီမှာ ပြဿနာနည်းနည်းရှုပ်နေမှန်းတော့ ဝမ်ရိပေါ်သိတယ်။ သူကျွမ်းကျင်တဲ့နယ်ပယ်ကပြဿနာမဟုတ်သလို အုပ်ချုပ်ရေးနဲ့စီမံပိုင်းကအကြီးအကဲတွေပဲ ကိုင်တွယ်လို့ရမဲ့ကိစ္စမျိုးတွေဆိုတော့ ဝမ်ရိပေါ်ကူညီပေးနိုင်တာ ဘာမှမရှိသလောက်ပါပဲ။

Crazy Something (Completed)Where stories live. Discover now