(Zawgyi)
တက္ကစီတစ်စီးပေါ်တက်သွားတဲ့ အရိပ်ကလေးကို ရှောင်းကျန့်ကားပေါ်က လှမ်းမြင်နေရတယ်။ ဖုန်းကလည်းအခန်းထဲမှာ ကျန်နေခဲ့တာမို့ နောက်ကြောင်းပြန်မလှည့်တော့ပဲ ဝမ်ရိပေါ်ပါသွားတဲ့ကားနောက်ကို အရှိန်ထိန်းပြီး လိုက်နေမိတယ်။
ချိန်းထားတာရှိတယ်လို့တော့ ကြားမိတယ်။
ဝမ်ရိပေါ်မှာအလုပ်ကိစ္စကလွဲရင် ချိန်းဆိုပြီးတွေ့ရမဲ့လူရယ်လို့ များများစားစားမရှိ။ ဟောက်ရွှမ်းဆီကိုလည်း သူစိတ်ကူးပေါက်တိုင်း သွားနေတာမို့ သီးသန့်ချိန်းနေစရာမလို။လမ်းတစ်ဝက်မှာ မိုးကတိတ်သွားတယ်။
ရှောင်းကျန့်အတွက် မရင်းနှီးတဲ့ပတ်ဝန်းကျင်တည်နေရာ...
အရှိန်မှန်မှန်မောင်းနေတဲ့တက္ကစီအဖြူလေးက အရှိန်လျှော့ချပြီး တရွေ့ရွေ့နဲ့ လမ်းသွယ်တစ်ခုထဲကို မောင်းဝင်သွားတယ်။
ရှောင်းကျန့် မျက်မှောင်ကျုံ့မိတယ်...
အဖြူရောင်နှစ်ထပ်တိုက်နဲ့ခြံဝန်းကျယ်ကြီးရှေ့ရောက်တော့ ဝမ်ရိပေါ်ကားပေါ်က ဆင်းတယ်။ ရှောင်းကျန့်ရဲ့ သိချင်စိတ်ကို လောင်စာဖြည့်ပေးတဲ့အရာက ခြံထဲကိုအပြေးတစ်ပိုင်းဆင်းလာတဲ့ ခပ်ငယ်ငယ်သန့်သန့်ပြန့်ပြန့် ကောင်လေးတစ်ယောက်ပဲ...
ရိပေါ်အနားမှာ တစ်ခါမှမမြင်ခဲ့ဖူးတဲ့ကောင်လေးက ရိပေါ်ကို ဝမ်းသာအားရကြိုဆိုနေဟန် ပေါ်တယ်။ဘယ်သူလဲ၊ ဘာလုပ်လဲ၊ ရိပေါ်အနားမှာဘာလို့ရှိနေလဲ..?
ရှောင်းကျန့်သိချင်လို့စုံစမ်းလိုက်ရင် တစ်နာရီတောင်မကြာပေမယ့် သူစိတ်ရှည်ဖို့ တွေးလိုက်တယ်။ ခေါင်းအေးအေးထားပြီးနူးနူးညံ့ညံ့ကိုင်တွယ်တတ်တာ ရှောင်းကျန့်ရဲ့အားသာချက်တစ်ခုပဲ။
ကားကိုပြန်ကွေ့လိုက်တယ်။
စိတ်ထဲမှာ မနှစ်မြို့တာတော့ အမှန်ပဲ...
ဒီလူနဲ့မပေါင်းရဘူး..ဟိုနေရာမသွားရဘူး..ဆိုတဲ့
ချုပ်ချယ်မှုမျိုးတွေ မလုပ်ချင်ပေမယ့်...
ဒီရက်ပိုင်းတွေမှာ ဝမ်ရိပေါ်က နည်းနည်းစည်းလွတ်ဝါးလွတ်ဖြစ်နေတယ်လို့ ရှောင်းကျန့်ထင်တယ်။နယ်ကပြန်လာပြီးနောက်ပိုင်း ရှောင်းကျန့်ကအလုပ်တွေဆက်တိုက်များနေပြီး မေမေဆေးရုံတက်ရတဲ့အခြေအနေထိဖြစ်သွားတော့ ပြေးရလွှားရနဲ့ ဝမ်ရိပေါ်အတွက် အချိန်အများကြီးမပေးနိုင်ဘူး။
အလုပ်အားသွားပြီဖြစ်တဲ့ဝမ်ရိပေါ်က ည၁၀နာရီလောက်အထိ အပြင်မှာပဲအချိန်ကုန်နေတာသိပေမယ့် ရှောင်းကျန့်က အလိုက်အထိုက်နေပေးတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အရိပ်တကြည့်ကြည့် ချစ်ပေး၊ချစ်ပြရတဲ့အပေါ်မှာ စိတ်ရောကိုယ်ပါရက်ရောလွန်းတယ်။ သူကိုယ်တိုင်က အချစ်ခံပြီးကြီးပြင်းလာရတဲ့လူသားမို့လည်း ဖြစ်လိမ့်မယ်။
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)