(Zawgyi)
warningပေးရမလား မပေးရမလား စဉ်းစားနေတာ
ပေးပေး မပေးပေး ဖတ်မဲ့သူကဖတ်မှာပဲဆိုတော့
ဆက်ဖတ်ပါ 🌚🚨
^^^^^^^^^^^^^^^^^^^^^^^^^"ဖယ်စမ်း"
"အောင်မာ..လေသံက! ရှောင်းကျန့်ကိုပဲ အဲ့လိုလေသံနဲ့သွားပြော"
ဟောက်ရွှမ်းက ဝမ်ရိပေါ်ရဲ့အထက်စီးဆန်တဲ့လေသံကို မခံမရပ်နိုင်ပြန်ချေပလိုက်ပေမယ့်... ဝမ်ရိပေါ်ပြောတဲ့အတိုင်း ထိုင်နေရာကနေ ဘေးဘက်ကိုဖယ်ပေးရှာတယ်။
"ဘာရှောင်းကျန့်လဲ! မင်းခေါ်ချင်တိုင်း ခေါ်လို့ရတဲ့သူ ထင်နေလား"
"သူက ဘာကြီးမို့လို့လဲ"
"ဘာကြီးဖြစ်ရမှာလဲ ငါ့လူပေါ့"
ဟောက်ရွှမ်းက ဖြစ်မှဖြစ်ရလေဆိုတဲ့သဘောမျိုး မျက်ဖြူလှန်ပြတယ်။ ဝမ်ရိပေါ်ရဲ့သုန်မှုန်နေတဲ့ မျက်နှာက စရောက်ကတည်းက မပြောင်းလဲသေးဘူး။
နာရီကိုတကြည့်ကြည့်လုပ်နေတဲ့ ဝမ်ရိပေါ်ကို ဟောက်ရွှမ်းမျက်စိနောက်နေတာကြာပြီ။"ဟိုကဖုန်းလေးတစ်ချက်ဆက်တာနဲ့ ပြန်ချင်နေတာ...ဖင်တကြွကြွဖြစ်နေပြီမလား"
"မပြန်ပါဘူး"
"မင်းကလေ တော်တော်ဆိုးဆိုးပဲ.. ဟိုကစိတ်ပျက်သွားမှ နောင်တမရနဲ့"
"............."
"ငြိမ်သွားပါလား...ဘာလဲ စိတ်ပျက်နေပြီတဲ့လား?"
"ပါးစပ်ပိတ်ထားစမ်းပါ.. ခေါင်းတွေကိုက်ရတဲ့ကြားထဲ"
"အဲ့ဒီခေါင်းကလည်း အမြဲကိုက်နေတာပဲ.. ဆေးရုံတွေဘာတွေ သွားပြကြည့်ဦး"
"နားငြီးလိုက်တာ..သွားတော့မယ်"
"ခုနကပြောတော့ မပြန်ဘူးဆို.. မပြန်နဲ့ဦး ဟေ့ကောင်!"
အော်ဟစ်ပြီးတားနေတဲ့ ဟောက်ရွှမ်းကို ဝမ်ရိပေါ်ကျောခိုင်းရင်းပဲ လက်ပြနှုတ်ဆက်လိုက်တယ်။ တစ်ခါတစ်လေကျ အဲ့ဒီဟောက်ရွှမ်းဆိုတဲ့ကောင်က စကားပြောလို့မကောင်းဘူး... ဘုကလန့်နဲ့ ပေါက်ကရတွေချည်းပဲ။
"ရိပေါ်ကော?"
"ဟမ်"
ဟိုနေ့က တွေ့ခဲ့တဲ့ကောင်လေး..
သူ့နာမည်က ဘယ်သူ?
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)