Ending

17.8K 1.1K 105
                                    

(Zawgyi)

အဲ့ဒီညမှာ ရိပေါ်အိပ်မက်မက်ခဲ့တယ်။
အရမ်းကိုလက်တွေ့ဆန်ပြီး ရှည်လျားတဲ့အိပ်မက်။
အိပ်မက်ထဲမှာ ပုံရိပ်တွေဟာ ပြတ်သားနေတယ်။
ရှောင်းကျန့်ကို အမျိုးသမီးတစ်ယောက်နဲ့အတူတွဲပြီး မြင်လိုက်ရတဲ့အချိန်မှာပဲ သူစတင်ပြီးမောဟိုက်လာတာ...

"ကိုယ် တောင်းပန်ပါတယ်"

အာစေးမိသလို ခြောက်ကပ်နေပြီး
ဘာပြန်ပြောရမှန်း မသိဘူး။
အိပ်မက်ထဲမှာ သူဟာစကားမပြောတတ်တဲ့သူတစ်ယောက် ဖြစ်နေခဲ့သလားတောင်ထင်ရတယ်။
ရှောင်းကျန့်က သူ့ကိုထားခဲ့ဖို့ အကြောင်းပြချက်တွေဆက်တိုက်ပေးနေပြီး သူကတော့ခေါင်းကိုပဲ တသွင်သွင်ခါနေခဲ့တာ။

"အရာအားလုံးအတွက်.. စောင့်နေမယ်ပြောပြီး ကတိမတည်နိုင်တဲ့အတွက်"

နင့်နေအောင် ဝမ်းနည်းမှုနဲ့အတူ သူ့မျက်လုံးတွေကိုကြည့်ပြီး အသနားခံမိတယ်။
အချစ်ရယ်...ကျေးဇူးပြုပြီး..

"ကိုယ်တို့နှစ်ယောက်ရဲ့ပတ်သက်မှုက ဒီနေရာမှာပြီးသွားပြီလို့ သဘောထားလိုက်ပါ"

ဟင်း...
သက်ပြင်းမောကို ခက်ခက်ခဲခဲချရတယ်။
ဘယ်လိုလုပ်မှ ဒီတင်းကြပ်မှုကို ဖြေလျော့နိုင်ပါ့မလဲ
သူ့ကိုတော့ အပြစ်မတင်ရက်ပါ။

နောက်ဆုံးမှာ ရှောင်းကျန့်က သူ့ကိုကျောခိုင်းသွားခဲ့ပြီး
အေးစက်နေတဲ့ ဝရန်တာလေးရဲ့အစွန်းမှာ သူတစ်ယောက်တည်းရပ်ကျန်နေခဲ့တယ်။

ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့
သူတို့နှစ်ယောက်ဟာ ပြတ်ဆဲသွားခဲ့ကြတယ်တဲ့..

နိုးလာတဲ့အချိန်မှာ ရိပေါ်ရှိုက်ကြီးတငင်ငိုခဲ့တယ်။

...........................

ပန်းနုရောင်ပန်းပွင့်လေးကို အထူးအဆန်းကြည့်နေမိတယ်။
ဒီပန်းပင်လေးအကြောင်း ပြောပြလိုက်ဖို့မေ့သွားပြန်တယ်။
လှလှပပဓာတ်ပုံလေးရိုက်ပြီး အရင်ပို့ပေးလိုက်ရင်ကောင်းမလား...

ဟင်း.. ဘယ်လိုပဲဖြစ်ဖြစ်ပါလေ
ဒီပန်းပင်လေးက ရှောင်းကျန့်ကို ပျော်ရွှင်စေနိုင်မှာတဲ့လား။
သေချာပေါက် ရှောင်းကျန့်က ပန်းပွင့်လေးတွေကြောင့် ရယ်မောနေမဲ့အရွယ် မဟုတ်တော့ဘူး။
တစ်ခါတစ်လေတော့ ရိပေါ်က အနာဂတ်တွေကို ပြေးကြည့်ပစ်ချင်တယ်။ အသက်တွေ မြန်မြန်ကြီးသွားတာလဲ တစ်မျိုးကောင်းလိမ့်မယ်။ အများကြီးမဟုတ်ရင်တောင် သူ့အသက်၃၀လောက်ကို ကျော်ပစ်လိုက်ချင်တာမျိုးပေါ့...
အရာရာ အနည်ထိုင်တည်ငြိမ်သွားချင်ရုံပါ။
မလိုအပ်တဲ့သူစိမ်းတွေ ဘဝထဲထပ်ဝင်မလာဖို့တော့ သူကြိုးစားဖြစ်လိမ့်မယ်။

Crazy Something (Completed)Where stories live. Discover now