part 13

6.8K 898 13
                                    

(Zawgyi)

မီးရောင်ပြိုးပြိုးပျက်ပျက်နဲ့ beatပြင်းပြင်းသီချင်းသံတွေ စီးကြိုနေတယ်။ VVIP A5 လို့ရေးထားတဲ့စာရွက်ကို ရှောင်းကျန့် အိတ်ကပ်ထဲသေသေသပ်သပ်ထိုးထည့်လိုက်တယ်။

"ဟေး..ဘရို"

"သြော..ကျားချန်"

"ခဏထိုင်နေဦး...ပြီးရင်လာခဲ့မယ်"

"ရတယ်..အေးအေးဆေးဆေးလုပ်"

"သြော်..ကောက ညာဘက်အခြမ်းနော်"

"ညာဘက်လား..အိုခေ"

ရှောင်းကျန့် စိတ်လှုပ်ရှားမိတာတော့ အမှန်ပဲ။
ဒီ Fashion Showက သူ့အတွက်လည်း အရေးကြီးတဲ့ပွဲ။

Hallထဲဝင်လိုက်တာနဲ့ 'X'ပုံစံတည်​ဆောက်ထားတဲ့ Runway Stageကြီးက ​အောက်ကပင့်ထိုးထားတဲ့ ဆလိုက်မီးအဖြူရောင်ကြောင့် ခမ်းနားကြွရွနေတယ် ။ VVIPတွေအတွက်သီးသန့်ဖြစ်တဲ့ ရှေ့ဆုံးအတန်းမှာ နေရာလွတ်အနည်းငယ်သာကျန်နေပြီး လူပြည့်သလောက်ဖြစ်နေပြီ။ ရှောင်းကျန့် သူ့နေရာ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Hallထဲဝင်လိုက်တာနဲ့ 'X'ပုံစံတည်​ဆောက်ထားတဲ့ Runway Stageကြီးက ​အောက်ကပင့်ထိုးထားတဲ့ ဆလိုက်မီးအဖြူရောင်ကြောင့် ခမ်းနားကြွရွနေတယ် ။ VVIPတွေအတွက်သီးသန့်ဖြစ်တဲ့ ရှေ့ဆုံးအတန်းမှာ နေရာလွတ်အနည်းငယ်သာကျန်နေပြီး လူပြည့်သလောက်ဖြစ်နေပြီ။ ရှောင်းကျန့် သူ့နေရာမှာ ဝင်ထိုင်လိုက်တယ်။
ထုံးစံအတိုင်းဆို တစ်ဖက်မျက်နှာချင်းဆိုင်က ရှေ့ဆုံးအတန်းဟာလည်း VVIPအတွက်ပဲ ဖြစ်လိမ့်မယ်လို့ ရှောင်းကျန့်တွေးမိတယ်။
နာမည်ကြီးအနုပညာရှင်တွေနဲ့ နယ်ပယ်အသီးသီးက ဆယ်လီဘရစ်တီတော်တော်များများ ထိုင်နေတာတွေ့ရတယ်။

ရှောင်းကျန့်မျက်လုံးတွေက ဟိုဟိုဒီဒီလိုက်ကြည့်နေမိတယ်။
ရိပေါ်က ဒီပွဲမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေတယ်။ နာမည်ကြီးဒီဇိုင်နာဖြစ်တဲ့ ကျားချန်ရဲ့ Fashion Showမှာ ဝမ်ရိပေါ်ရဲ့ Runway Shoeတွေက အဓိကအထောက်အပံ့တစ်ခုပဲ။
တကယ်ဆို VVIPဆိုတဲ့နေရာမှာ ရိပေါ်ရှိနေသင့်ပေမယ့် သူရောက်ကတည်းက အရိပ်တောင်မမြင်ရသေး။
ရိပေါ်က သူ့အရင်ထွက်သွားခဲ့တာမို့ ဒီပွဲမှာရိပေါ်ကြိုရောက်နေလိမ့်မယ်လို့ ထင်ထားတာ။

Crazy Something (Completed)Where stories live. Discover now