part 3

10.9K 1.3K 18
                                    

(Zawgyi)

'ဆိုးတယ်ကွာ' ဆိုတဲ့အသံမှာ နူးညံ့မှုတွေပါတယ်။ ရှောင်းကျန့်ကအလိုလိုက်ရင် ဝမ်ရိပေါ်က ပိုပြီးဆိုးပြချင်လာရော။ ဘယ်လိုဖြစ်ဖြစ် ဒီလူကသူ့အနားက ထွက်သွားနိုင်မှာမဟုတ်ဘူးလို့ ယုံထားလို့။

"ရှောင်းကျန့်!"

"........"

"ခင်ဗျားအမေက ဘာသဘောလဲ?"

"ဘာကိုလဲ ဘေဘီရဲ့"

"သူ့သားကို အိမ်ထောင်ရက်သားချပေးပြီးမြေးချီရမှ အသေဖြောင့်နိုင်မယ် ဆိုတဲ့စကားကလွဲရင် ပြောစရာမရှိတော့ဘူးလား... ကျွန်တော်တို့အကြောင်းကို သိသိရဲ့နဲ့ တမင်လုပ်​နေတာ"

ရှောင်းကျန့်က သက်ပြင်းချပြီး ဝမ်ရိပေါ်ကိုဖျောင်းဖျနားချတော့မလို အနားကပ်လာတယ်။

"လူကြီးတွေက ဒီလိုပဲလေ ဘေဘီရယ်.. သူလည်း ဖြစ်စေချင်တာတွေပြောမိမှာပေါ့"

"ဘာဖြစ်တယ်?!"

ဝမ်ရိပေါ် ဘာဆက်ပြောရမှန်းမသိတော့ဘူး။
ရှောင်းကျန့်က သူတို့မိသားစုမှာ တစ်ဦးတည်းသောသား...
သူ့အဖေဆုံးပြီးတဲ့အချိန်ကစပြီး အမေနဲ့အစ်မတွေကို စိတ်ဆင်းရဲအောင်မလုပ်ခဲ့ဖူးတဲ့ လူလိမ္မာလေး။ ဝမ်ရိပေါ်ကြောင့် သားလိမ္မာဂုဏ်ပုဒ်က ယိုင်နဲ့နဲ့ဖြစ်လာတဲ့အချိန်မှာ ရှောင်းကျန့်မိသားစုက ဝမ်ရိပေါ်ကိုရန်သူကြီးလို ဆက်ဆံတော့တာပဲ။
ဒါတောင် ရှောင်းကျန့်က နှစ်ဦးနှစ်ဖက်ပြေလည်လာအောင် နည်းမျိုးစုံနဲ့ညှိနှိုင်းဖို့ ကြိုးစားနေတုန်း။

ရှောင်းကျန့်အစ်မတွေက ပညာတတ်ပီသတယ်။
အသိအမှတ်မပြုကြောင်း မျက်လုံးနဲ့ပဲပြတယ်...
ဝမ်ရိပေါ်ကို လွန်လွန်ကျူးကျူးထိခိုက်စေမဲ့စကားတွေ ရှောင်းကျန့်ရှေ့မှာ မပြောဘူး။ သူတို့အလွန်မဖြစ်ရအောင် ရှောင်းကျန့်စိတ်တိုင်းကျ ရေလိုက်ငါးလိုက် တစ်နှစ်၊နှစ်နှစ်လောက် လွှတ်ပေးထားပြီးမှ... အကြောင်းပြချက်ခိုင်ခိုင်လုံလုံနဲ့ ရှောင်းကျန့်ကိုသူတို့ဘက်ပြန်ပါလာအောင် ဆွဲခေါ်သွားနိုင်မဲ့အခြေအနေမျိုးကို စောင့်နေတာ။

"ကဲ မှုန်တေမနေနဲ့တော့ဘေဘီရယ်... ကိုယ်က မင်းကိုချစ်လို့ မင်းအနားမှာနေတာပေါ့"

Crazy Something (Completed)Where stories live. Discover now