(Zawgyi)
ရိပေါ်က 'ကျွန်တော့်ကို အချိန်ပေးပါ'တဲ့
စောင့်ဆိုင်းရခြင်းတွေကို စိတ်ရှည်ပါတယ်
မင်းကို အနားမှာထားချင်ရုံ။×××××××××××××××××
"အမေတို့ အိမ်ပြန်ကြမယ်နော်"
အသက်လေးဆယ်ကျော်အမျိုးသမီးတစ်ယောက်က သူ့ရှေ့မှာမျက်ရည်တွေထိန်းထားတယ်.. ပူဆွေးမှုကို ခံစားမိပေမဲ့ တပြိုင်တည်းမှာ တစိမ်းဆန်တဲ့ခံစားချက်ကိုပါ ခံစားနေရတယ်။
သူသတိရလာတာ ရက်ပိုင်းပဲရှိသေးတယ်။ ဦးနှောက်က ဗလာအပြည့်နဲ့... မြင်သမျှက အစိမ်းသက်သက်။
သူ့ဆီကခေါ်သံတစ်ခု စကားတစ်ခွန်းလောက် ကြားရဖို့မျှော်လင့်နေတဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရင်ဘတ်ထဲမှာ အရာအားလုံးကရှုပ်ထွေးနေတဲ့အစိုင်အခဲတွေ။ရိပေါ် ခေါင်းမညိမ့်မိသလို ခေါင်းခါဖို့လည်း သတိမရဘူး။
ဝမ်းနည်းနေရင်တောင် ဘာကြောင့်ဝမ်းနည်းရမှန်း အဖြေရှာမရတဲ့အခါ သူသိသမျှက တစ်ယောက်တည်းနေချင်တာပဲ။"ကိုယ့်အသိဥာဏ်ထဲမှာမရှိတဲ့သူက သူစိမ်းပဲ.. သားဘာမှမတွေးနဲ့..အမေ့ကိုပဲယုံ"
"ရိပေါ်ကို အချိန်ပေးလိုက်ပါဦးကွာ"
ဝမ်ရိပေါ် မျက်လုံးတွေ မှိတ်ထားလိုက်တယ်။
အသံတွေ တဖြည်းဖြည်းတိုးသွားတာ သူမကြားနိုင်တော့တဲ့အထိ။အသိဥာဏ်ထဲမှာမရှိတဲ့သူကို နှလုံးသားကမှတ်မိနေရင်ရော သူစိမ်းပဲလား။ မျက်ဝန်းညိုတွေကို ဘာသာပြန်တတ်ခဲ့တယ်..ရိပေါ် လို့ခေါ်တဲ့အသံမှာ အသားကျရင်းနှီးနေတယ်။ အဲ့ဒီလူရဲ့ အပြုအမူတစ်ခုချင်းစီနဲ့ အကျွမ်းတဝင်သက်တောင့်သက်သာရှိနေသလို ခံစားရတယ်။
ဒါတွေကို သက်သေမှ မပြနိုင်ပဲ...ဖက်တွယ်ထားရင် အတ္တကြီးတာပဲ။ သူက ဝန်ပိုတစ်ခုလိုဖြစ်နေမယ်။
အဲ့ဒီလူအတွက် မတရားရာကျမယ်။
ငွေ့ရည်ဖွဲ့နေတဲ့တိမ်တွေလို
ဝမ်းနည်းပက်လက်ရွာချနေတဲ့ မိုးရေတွေလို
အဲ့ဒီလူကို သူ့ရှေ့မှာ ရှိုက်ကြီးတငင်မငိုစေချင်တော့ဘူး။"ကျွန်တော် နားချင်ပြီ"
"အင်းပါ..နားလိုက်..ဘာမှမတွေးနဲ့"
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)