part 17

6.4K 854 37
                                    

(Zawgyi)

အနားမှာ တစ်စုံတစ်ယောက်ရှိနေပေးဖို့ မဖြစ်မနေလိုအပ်တဲ့အချိန်မျိုး လူတိုင်းကြုံဖူးပါလိမ့်မယ်။ ဝမ်ရိပေါ်မှာလည်း အဲ့ဒီလိုအချိန်မျိုးရှိတယ်။ ဒါပေမဲ့ သူလိုအပ်တာ တစ်စုံတစ်ယောက်မဟုတ်ဘူး။ သေချာပေါက် ရှောင်းကျန့်ပဲ။

"ကျိရန် လမ်းမှာလာနေပြီတဲ့...ငါတို့ဆေးရုံသွားရအောင် နော်.."

ဟောက်ရွှမ်းရဲ့အသံက အဖျားသတ်တုန်သွားတယ်။
သူ့မျက်စိရှေ့မှာ ဖြူဖျော့နေတဲ့ဝမ်ရိပေါ်ရဲ့ပုံစံကို ပထမဆုံးအကြိမ်မြင်ဖူးတာမို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတယ်။
ဒီလိုအချိန်မျိုးမှာ ဆရာဝန်ဖြစ်တဲ့စုန့်ကျိရန်ကို အားကိုးရုံကလွဲပီး သူတတ်နိုင်တာ ဘာမှမရှိဘူး။

"ဟင့်အင်း"

ဆိုဖာပေါ်မှာ ကွေးကွေးလေးလှဲနေတဲ့ ဝမ်ရိပေါ်ဘေးမှာ ဟောက်ရွှမ်းဒူးထောက်လျက်သား ထိုင်နေတယ်။ မျက်နှာပေါ်ကချွေးစေးတွေကိုသုပ်ပေးဖို့ လက်လှမ်းလိုက်ပေမဲ့ သူထိလိုက်ရင် ရိပေါ်ပိုပြီးနာသွားမလားစိုးရိမ်စိတ်နဲ့ မဝင့်မရဲဖြစ်နေမိတယ်။

"ဟောက်..ရွှမ်း.."

စကားပြောဖို့ အရမ်းအားယူနေရမှန်း အမူအရာကြည့်ရုံနဲ့တင်သိနိုင်တယ်။ အသံတိုးတိုးက ပြတ်တောင်းပြတ်တောင်းထွက်လာတယ်။

"အင်း...ငါ ငါဘာလုပ်ပေးရမလဲ?"

"ကောကို ​ခေါ်ပေး"

ဟောက်ရွှမ်း သက်ပြင်းရှည်ကြီးချမိတယ်။
သူ ရှောင်းကျန့်ရဲ့ဖုန်းနံပါတ်ကို မရေမတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပြီးပြီ။ တစ်ဖက်က ဖုန်းမကိုင်။
ရိပေါ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ရှောင်းကျန့်ကိုကိုယ်တိုင်သွားခေါ်ပေးဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။

"သူလာပါလိမ့်မယ်.. ငါတို့ ဆေးရုံအရင်သွားလိုက်ရင် မကောင်းဘူးလား"

ဝမ်ရိပေါ်က မျက်လုံးတွေမှိတ်ထားရင်း ငြိမ်နေတယ်။
တစ်ချက်တစ်ချက် မျက်မှောင်တွေတွန့်ချိုးပြီး တိုးသဲ့သဲ့ထွက်လာတဲ့ ငြီးငြူသံကြောင့် ဟောက်ရွှမ်းဖင်ထိုင်မကျတော့...
သူဖုန်းနံပါတ်တစ်ခုကို အလျင်စလိုထပ်ခေါ်မိတယ်

Crazy Something (Completed)Where stories live. Discover now