Chapter 5

7.6K 980 55
                                    

တစ်ပတ်တိတိပြည့်ခဲ့ပြီ.....။ ဝမ်ရိပေါ် ​ရှောင်းကျန့်ကို လုံးဝအဆက်အသွယ်မလုပ်တာ ဒီနေ့နဲ့ဆို တစ်ပတ်ပြည့်ပြီ။ဒါဟာ ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့သူငယ်ချင်းအဖြစ် ​နေပေးခဲ့တဲ့ဘတစ်လအတွင်းမှာ ဝမ်ရိပေါ်ဘက်က ပထမဆုံးပျက်ကွက်မှုပဲ။

အမှန်အတိုင်းပြောရရင် ရှောင်းကျန့် ဒီကောင်လေးကို သံယောဇဉ်ရှိပါတယ်။တစ်လဆိုတဲ့အချိန်ကာလက တစ်စုံတစ်ယောက်ကို ရင်းနှီးဖို့လုံလောက်ခဲ့တယ်။
သို့ပေမယ့် ဘယ်လိုပဲ သံယောဇဉ်ရှိရှိ သူ့ဘက်က
စပြီး ဆက်သွယ်ဖို့ကို ​ရှောင်းကျန့် မစဉ်းစားဖူးဘူး။
စဉ်းစားကြည့်ရင် ဝမ်ရိပေါ်ဘက်ကပဲ အစပြုခဲ့တဲ့
ရင်းနှီးမှုတွေချည်းပါပဲ။ ရှောင်းကျန့်က အသိအမှတ်ပြု
ပေးခဲ့ရုံသာ။ဒါကြောင့် အကယ်၍ ဝမ်ရိပေါ်ကသာ
ရှောင်းကျန့်ကို ကစားလို့ဝလို့ ထွက်သွားမယ်ဆိုလည်း ​ရှောင်းကျန့်ဘက်က ဆွဲထားစရာအကြောင်းမရှိပါဘူး။

ဒီတစ်ပတ်အတွင်းမှာ ​ရှောင်းကျန့်တို့ စိတ်နဲ့ကိုယ်နဲ့
မကပ်ပုံများ ဆိုင်ရှင်ကတောင် ​ပြောယူရတဲ့အထိ။
လုပ်လိုက်တိုင်း အလွဲလွဲအချော်ချော် ဖြစ်နေတာက
လူစားထိုးခံလိုက်ရသလိုပဲ။ ဝန်မခံချင်ပေမယ့်လည်း
ဝမ်ရိပေါ်ကြောင့်ဆိုတာ တစိတ်တစ်ပိုင်း ပါဝင်တယ်။အဟက်...ရှောင်းကျန့်ရာ....။တစ်ပတ်လေးမတွေ့တာနဲ့ ဖြစ်ပျက်နေလိုက်တာ။ခြောက်လပြည့်ရင် သူစိမ်းလိုနေမယ်လို့ ​ပြောခဲ့တာ သူမဟုတ်တဲ့ အတိုင်းပဲ။

တစ်ပတ်တာအချိန်အတွင်းမှာ ​ရှောင်းကျန့်သိလိုက်ရတဲ့ အသိတစ်ခုက...

သံယောဇဉ်ဆိုတာ ဘယ်ဖက်ကစချည်ချည်
ဖြည်ရခက်တဲ့အမျိုး.....

အကယ်၍ ဒီအတိုင်းပဲထပ်မတွေ့ကြတော့ပဲ အဆုံးသတ်သွားရင် ဝမ်ရိပေါ်ဆိုတဲ့ ​ကောင်လေး ကျွေးတဲ့ ချိုချဉ်လေးတွေကို သတိရနေတော့မှာပဲ။
လူကိုလည်း သတိရချင်ရမှာပေါ့..။
မပြောတတ်ဘူးလေ။

---------------------------------

ဒီနေ့က အလုပ်နားရက်ဖြစ်တာကြောင့် ရှောင်းကျန့်
တစ်ယောက် အိမ်မှာပဲနားနားနေနေနေဖြစ်တယ်။
ထုံးစံအတိုင်း ​ရေဒီယိုလေးဖွင့်လို့ သီချင်းနားထောင်
ရင်း ပန်းချီဆွဲဖို့ပြင်ဆင်တယ်။ရှောင်းကျန့်အတွက်
ပန်းချီဆွဲတဲ့အလုပ်က အဓိကပဲလေ။ဒါကြောင့်လည်း
Parisကိုလာခဲ့တာ။အောင်မြင်တဲ့ပန်းချီဆရာတစ်
ယောက်ဖြစ်ဖို့က အိပ်မက်တော့ မဟုတ်ပေမယ့်
ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခု။ဟိုဟာဖြစ်ရမယ်၊ဒီဟာဖြစ်
ရမယ်ဆိုတာတွေထပ် ဘာဖိအားမှမရှိပဲ ကိုယ်တိုင်
စိတ်ပါဝင်စားစွာနဲ့ လုပ်ရတာမျိုးကို ​ရှောင်းကျန့်က
ပိုသဘောကျတယ်။

Imaginary You(Completed)Where stories live. Discover now