Chapter 34

5.5K 640 25
                                    

Yibo pov(15)

လူတွေက ​ပြောကြတယ်။ အရှုံးပေးရတာ လွယ်တယ်တဲ့။ တကယ်တော့ အဲ့တာ လိမ်နေတာ။
အရှုံးပေးဖို့ဆိုတာ တကယ်ကို မလွယ်ကူခဲ့ဘူး။
အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အခါ၊
ဖမ်းဆုပ်ထားချင်ပေမယ့် မစွမ်းသာနိုင်တဲ့အခါ အရှုံး
ပေးလိုက်တာက အကောင်းဆုံး ​ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ရုံပါပဲ။

ဒီလူမရှိလို့မဖြစ်တဲ့ဘဝမျိုးမှာ ဒီလူကို စွန့်လွတ်ဖို့ဆိုတာ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ချခဲ့ရတဲ့ ဆုံးဖြတ်ချက်။

အေးစက်စက် အပြုအမူတွေဆိုတာက တကယ်တော့
နာကျင်မှုကို ဖုံးကွယ်ဖို့ သပ်သပ်ရယ်ပါ။
အရင်လို ​နွေးထွေးပေးချင်လိုက်တာမှ အရူးတစ်ပိုင်း။

ဝမ်ကျိုးချန်ဆီကနေ မနက်ဖြန် ​ရှောင်းကျန့်မွေးနေ့ဆိုတဲ့
သတင်းကိုကြားရတော့ ရိပေါ် ဝမ်းနည်းမိတယ်။
မွေးနေ့မှာ ဆိုးဝါးတဲ့ အမှတ်တရတွေ ချန်ထားမိသလို
ဖြစ်သွားရင် ​တောင်းပန်ပါတယ်။ ​နောက်ဆုံးအကြိမ်
နာကျင်စေခြင်းပါပဲ။ ခင်ဗျားကို လွတ်မြောက်စေချင်ရုံ
လေးပါ။

တစ်ညလုံး အိပ်မပျော်ခဲ့တဲ့ ရိပေါ်ဟာ ည12နာရီတိတိ
မှာတော့ အစ်ကို့အခန်းထဲကို တိတ်တိတ်လေး ဝင်သွားခဲ့တယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အစ်ကို့
မျက်နှာလေးကို ​ငေးကြည့်ရင်း ရိပေါ်ကြောင့် အစ်ကို
နာကျင်ခဲ့ရတာတွေကို ​တွေးမိတဲ့အခါ အားနာရတယ်။
အေးချမ်းနေတဲ့ ဘဝထဲကို အတင်းတိုးဝင်လာခဲ့ပြီး
နာကျင်စရာတွေပဲ ​ပေးနေခဲ့မိတာပါလား။

အိပ်ပျော်နေတဲ့ အစ်ကို့ရဲ့ နဖူးလေးကို ရိပေါ် ခပ်ဖွဖွနမ်း
လိုက်ရင်း Happy birthdayဆိုတဲ့ စကားလေးကို
ခပ်တိုးတိုး ​ရေရွတ်မိတယ်။

တိတ်တခိုး မြတ်နိုးခွင့်လေးနဲ့ပဲ ​ကျေနပ်ရပါတယ်။
ချစ်ခြင်းတရားက ပူလောင်စေတဲ့အခါ လွတ်ချပေး
လိုက်ရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။
_________________________________

ရိပေါ်ဆီက တစ်စုံတစ်ရာကို ​မျှော်လင့်နေပုံရတဲ့
အစ်ကို့ရဲ့ ​မျှော်လင့်ချက်တွေကို သိလျက်နဲ့ လျစ်လျူရှုခဲ့သည်။ နီးချင်ပါလျက်နဲ့ပဲ အဝေးကို တွန်းပို့ရင်း အထပ်ထပ် နာကျင်ရပါတယ်။ မချစ်လို့မှမဟုတ်တာ။ချစ်တာ
ထပ် ပိုမြတ်နိုးရသူမို့ ဒီ့ထပ်ပို မနာကျင်စေချင်တာ။

Imaginary You(Completed)Where stories live. Discover now