Chapter 20

5.9K 724 19
                                    

Yibo pov(1)

ဝမ်ရိပေါ်ရဲ့ ဘဝဟာ ဟန်ဆောင်လိမ်ညာမှုတွေနဲ့
ပဲ အစပြုခဲ့တယ်။ ပထမဆုံးအနေနဲ့ မိဘတွေရဲ့ညဟန်ဆောင်မှု ​ရောယှက်တဲ့ အိမ်ထောင်ရေး။ ရိ​ပေါ်ရဲ့ မားနဲ့ပါး
ဟာ ​အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်နှစ်ယောက်။ သိပ်ကို ထူးချွန်ထက်မြက်ကြပြီး ပါးနပ်လွန်းတဲ့ သူတို့
နှစ်ယောက်ရဲ့ အတွေးထဲမှာ ​အောင်မြင်ဖို့ဆိုတဲ့ အတွေးကပဲ ကြီးစိုးနေတယ်။ နှစ်ဦးစလုံးရဲ့ လိုဘတွေက
အတောမသတ်နိုင်ဘဲ စီးပွားရေးဆန်ဆန် အိမ်ထောင်
တစ်ခုကို တည်ထောင်ခဲ့ကြတယ်။ တကယ်တော့
နှစ်ယောက်စလုံးက ကိုယ်အောင်မြင်ဖို့ တစ်ခြားတစ်ယောက်ကို ချနင်းမယ့် အကြံကိုယ်စီနဲ့။

ရိပေါ်တို့ မိသားစုလေးက လူတကာ အားကျလောက်
စရာ စံပြမိသားစုလေးပေါ့။ (တကယ်တော့ ဒါသူတို့
တွေအမြင်ပါ)။ လူတွေရှေ့မှာ ချစ်ချစ်ခင်ခင်နေပြတဲ့
မားနဲ့ပါးက နှစ်ယောက်တည်း ရှိချိန်မှာဆို တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတောင် ပြိုင်ဆိုင်နေကြလဲ
ဆိုတာကို ပြလိုက်ချင်ပါသေးရဲ့။ လူအများကြားမှာ
သည်းသည်းလှုပ် အချစ်ခံရတဲ့ ရိပေါ်တို့မောင်နှမ
နှစ်ယောက်က အိမ်မှာရှိချိန်တွေဆို ဖုတ်လေတဲ့ငပိ
ရှိတယ်လို့တောင် သတ်မှတ်မခံရကြောင်းတွေကို
ဘယ်သူသိနိုင်မှာလဲ။

မားနဲ့ပါးဆီက ​မေတ္တာမရခဲ့တဲ့ ရိပေါ်အတွက် မမက
အရာရာပဲ။ မမက ရိပေါ်နဲ့မတူဘူး။ ရဲရင့်တယ်။
ပြတ်သားတယ်။ ဒါကြောင့်လည်း အမြဲ ရိပေါ်ရှေ့ကနေ
မားမားမတ်မတ် ရပ်တည်ပေးခဲ့တယ်။ ရိပေါ်ကတော့
မားနဲ့ပါးကို မလွန်ဆန်နိုင်ခဲ့ဘူး။ ရိပေါ်က ​ပျော့ညံ့လွန်း
တယ်။ ဒါကမမကို ပိုပြီးစိတ်ပင်ပန်းစေခဲ့တယ်။

ရိပေါ်က အမြဲ မမအတွက် တစ်ခုခု ပြန်လုပ်ပေးချင်ခဲ့
တာ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဘာမှလုပ်မပေး
နိုင်ခဲ့ဘူး။ မမက စန္ဒယားတီးရတာ ဝါသနာပါတာကို
သိရတော့ ရိပေါ်သိပ်ကိုပျော်သွားခဲ့တာ။ သူ မမရဲ့
ဝါသနာကို ပါရမီဖြည့်ပေးနိုင်တော့မယ်လေ။
ဒါကြောင့် သူ မမကို ကတိပေးခဲ့တယ်။ တစ်နေ့ကျရင်
မမနဲ့ ကျွန်တော်နဲ့အတူ စင်ပေါ်မှာ ​ဖျော်ဖြေကြမယ်လို့်။

Imaginary You(Completed)Where stories live. Discover now