Chapter 22

5.6K 660 11
                                    

Yibo pov(3)

ပြန်လည်ဆုံစည်းခြင်းက သိပ်တော့မလှပဘူး။
မာနကြီးတဲ့ အပြာရောင်လေးက Parisရဲ့ လမ်းကြား
လေးမှာ အားကိုးရာမဲ့နေတဲ့ ​ကြောင်ငယ်လေးလို။
ကိုယ်နဲ့ မဆိုင်ဘူးလို့ သတ်မှတ်ပြီး ​ကျော်သွားချင်ပေ
မယ့် အပြာရောင်လေးက အစွန်းထင်းမခံရက်လောက်
အောင် ဖြူစင်နေတာမို့ မဆီမဆိုင် လူစွမ်းကောင်း ဝင်လုပ်မိတော့တယ်။

ရုပ်ရှင်တွေထဲက မင်းသားက မင်းသမီးကို လာကယ်
သလို ကြည့်ကောင်းပြီး ကဗျာမဆန်ကြောင်းကို
အပြာရောင်လေးရဲ့ တွန့်ချိုးသွားတဲ့ မျက်ခုံးတစ်စုံက
အချက်ပြတယ်။ တကယ်ဆို လာကယ်တဲ့သူ့ကို ​ကျေးဇူးတင်ရမှာမလား။ ဘာလို့ အလိုမကျသလို ဖြစ်နေရတာလဲ။ အပြာရောင်လေးက နားလည်ရခက်တယ်။

"1.2.3ဆိုတာနဲ့ကျွန်တော့လက်ကိုဆွဲပြီးပြေးတော့"

"ဟင်..."

"တရုတ်လူမျိုးမလား။တရုတ်စကားနားမလည်ဘူး
လား။ကျွန်တော်စရေပြီနော်"

"ရိ"

"..."

"အာ့"

"..."

"စန်း!!!"

သုံးအထိရေပြီးတာနဲ့ ရိပေါ် အပြာရောင်လေးရဲ့ လက်ကို ဆွဲပြီး ထွက်ပြေးလာခဲ့တယ်။ ပိန်သေးသေး
ခန္ဓာကိုယ်လေးက အပြေးတော့မြန်သား။
အနောက်က လိုက်လာတဲ့သူတွေကြောင့် ဒီအတိုင်း
ဆက်ပြေးနေရင် ပြန်မိသွားမှာပဲဆိုတာကို ရိပေါ် သိ
လိုက်တယ်။ သူလည်း အရမ်းမောနေပြီး ဆက်မပြေး
နိုင်တော့တာမို့ ​ချောင်ကျတဲ့ တစ်နေရာမှာ ဝင်ပုန်းနေ
လိုက်တယ်။

တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ ​ခြေသံတွေနဲ့အတူ
အပြာရောင်လေးနဲ့ ရိပေါ်ရဲ့ ခန္ဓာကိုယ်တွေကလည်း
တဖြည်းဖြည်း ပူးကပ်လာလိုက်တာ.. တစ်ယောက်
အသက်ရှူသံကို တစ်ယောက် ကြားနိုင်လောက်တဲ့အထိ။ အနီးကပ်ကြည့်မိမှ အပြာရောင်လေးက သိပ်
လှတာပဲ။ မျက်လုံးဝိုင်းလေးတွေက လှုပ်ရှားနေခြင်း
မရှိသလို ​တောက်ပနေတာလည်း မဟုတ်ဘဲနဲ့တောင်
ဆွဲဆောင်မှုရှိလွန်းတယ်။ နှုတ်ခမ်းပါးလေးကလည်း
ပန်းရောင်သန်းနေပြီး ​ယောကျာ်းလေးတစ်ယောက်ရဲ့
နှုတ်ခမ်းပါလို့ ယုံနိုင်ဖွယ်ရာမရှိ။ နှုတ်ခမ်းအောက်နား
က မှည့်နက်ကလေးကတော့ ရိပေါ်အကြည့်မလွှဲနိုင်
လောက်အောင် ညို့ယူနိုင်ပြန်တယ်။ ဒီလူသားဟာ
လူသားစစ်စစ်လို့တောင် ထင်ရက်စရာမရှိဘူး။ နတ်သားလေးအတိုင်းပဲ။

Imaginary You(Completed)Where stories live. Discover now