Chapter 35

6.3K 722 44
                                    

တွေ့ဆုံမှုကစလို့ မှားယွင်းခဲ့တဲ့အခါ အရာရာကို ​ဖျောက်ဖျက်ပစ်လိုက်တာက အကောင်းဆုံး ​ရွေးချယ်မှုပဲ။
ဘယ်တုန်းကမှ မဆုံခဲ့ကြသင့်တဲ့သူ နှစ်ယောက်ရဲ့
ဆုံတွေ့မှုကို အိပ်မက်ဆန်ဆန် ​ပျောက်ကွယ်သွားအောင် ရိပေါ် ဖန်တီးယူခဲ့တယ်။

ဒုတိယအကြိမ် အခွင့်အရေးရခဲ့ပြီမို့ ဒီတစ်ခါတော့
ကျွန်တော့ကို မရွေးချယ်ပါနဲ့။
ကျွန်တော်မပါတဲ့ ဘဝမှာ ရှင်သန်မှ ​သေချာပေါက်
ပိုမိုကောင်းမွန်တဲ့ ဘဝမျိုးကို ခင်ဗျားပိုင်ဆိုင်ရမှာ။

အစ်ကိုနဲ့ ပတ်သတ်သမျှ လူတိုင်းကို တစ်ယောက်မကျန် ရိပေါ် ဆက်သွယ်ပြီး သူ့ရဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားပေးဖို့ အကူအညီတောင်းခဲ့တယ်။ အနည်းငယ် စိတ်မသက်မသာ ဖြစ်စရာ ဆိုပေမယ့် ရိပေါ်ဘက်က ​သေသေချာချာ ရှင်းပြပြီး အကူအညီတောင်းတဲ့
အခါ သူတို့ကလည်း လက်ခံကြတယ်။ အစ်ကိုအလုပ်လုပ်တဲ့ဆိုင် အပါအဝင် အနီးအနား ပတ်ဝန်းကျင်က
အစ်ကိုနဲ့ ရိပေါ်ကို မျက်မှန်းတန်းမိတဲ့သူတွေအဆုံး။
ဘေးအိမ်က အဖိုးEllenကို အကူအညီတောင်းတဲ့အခါ အဖိုးက စိတ်မကောင်းဖြစ်နေပုံရတဲ့ မျက်နှာနဲ့
ရိပေါ်ကို စကားတစ်ခွန်း ​ပြောရှာတယ်။

"လူ့ဘဝဆိုတာ တိုတောင်းလွန်းတယ် ကောင်လေး။
အဲ့ဒီတိုတောင်းလွန်းတဲ့ အချိန်လေးမှာ ​နောင်တမရအောင် ​နေထိုင်နိုင်ဖို့က အရေးအကြီးဆုံးပဲ။ တစ်နေ့ မင်း လူ့ဘဝက ထွက်သွားတဲ့အခါ ရှင်သန်ခဲ့ရတဲ့ ဘဝကို ​ကျေနပ်ခဲ့ရဲ့လားဆိုတဲ့ ​မေးခွန်းအတွက် ​ဖြေစရာ
အဖြေကို ကိုယ်တိုင်ရှာဖွေပါ"

"ကျွန်တော် ကျေနပ်ခဲ့ပါတယ်။တိုတောင်းလွန်းပေမယ့် တကယ်ကို အများကြီး ပျော်ခဲ့ရပါတယ်"

အဖိုးဆိုလိုချင်တဲ့ စကားကို ရိပေါ် နားလည်ပါတယ်။
သူ လုံလုံလောက်လောက် ပျော်ရွှင်ခဲ့ရပြီ့းပြီပဲ။
သူ့ရဲ့ပျော်ရွှင်မှုအတွက် အစ်ကို့ကို ဒီ့ထပ်ပိုပြီး မနာကျင်
စေချင်တော့ဘူး။

အားလုံးနီးနီး အဆင်ပြေနေပေမယ့် ပြဿ .နာက ဝမ်ကျိုးချန်။ ဝမ်ကျိုးချန်က ရိပေါ် ​တောင်းဆိုတာကို လုံးဝ
လက်မခံဘူး။ ရိပေါ်နဲ့ ဖုန်းထဲမှာ ငြင်းခုံကြရင်း စကားများကြရတယ်။

Imaginary You(Completed)Where stories live. Discover now