Yellowish Diary💛

7.5K 701 84
                                    

လှပတဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့ နာကျင်စရာ
အတိတ်တွေကို ​ကျော်ဖြတ်ခဲ့ရတယ်။

ဝမ်ရိပေါ်ဆိုတဲ့ အတိတ်က ​ကောင်ငယ်လေးရဲ့
ဆုတောင်းလေးတွေက အဝါရောင် ဒိုင်ယာရီလေးက တစ်ဆင့် အနာဂတ်က ဝမ်ရိပေါ်ဆီသို့။

ဖွဲ့သီခဲ့တဲ့ ချစ်ခြင်းတရားတွေက သိုဝှက်စွာ။
ဆံချည်မျှင်လေးအစ ခြေဖဝါးနုနုလေးအထိ
မြတ်နိုးရခြင်းတွေဟာလည်း တိုးတိတ်စွာ။

ဖွင့်ဟကြည့်လှည့်ပါ....
ပန်းနုရောင်ချစ်ခြင်းတရားတွေ သိမ်းဆည်းရာ
အဝါရောင်ဒိုင်ယာရီလေး.......
______________________________

ပြောခွင့်မရခဲ့တဲ့ စကားလုံးတွေ...
ဖော်ပြခွင့်မရှိခဲ့တဲ့ ချစ်ခြင်းတရားတွေ....
အဝါရောင်ဒိုင်ယာရီလေးထဲမှာ သိမ်းဆည်းလို့ စာကြုံပါးလိုက်ပါသည်။

သို့...
အနာဂတ်က ဝမ်ရိပေါ်....

မတည်နိုင်ခဲ့တဲ့ ကတိတွေအကြောင်း မင်းကို ​ပြောပြတဲ့အခါ မညီးမညူ နားထောင်ပေးပါ။
အတိတ်က ဝမ်ရိပေါ်ဟာ အနာဂတ်ကို ​ရောက်မလာ
နိုင်တော့တာမို့ မင်းကိုပဲအားကိုးပါရစေ။

ဟိုးအတိတ်ကို ပြန်ကြည့်တဲ့အခါ ဘဝရဲ့ တစ်ဦးတည်းသော မြတ်နိုးရာလေးကို ပန်းနုရောင်
Sakuraပွင့်ဖတ်တွေကြားမှာ ရှာတွေ့ခဲ့တာကို
သတိရပါ။ အပြာရောင်ရှုခင်းလှလှလေးက အသက်
ဝိဥာဉ် တွယ်ငြိရာလေး။

ခပ်ဆိုးဆိုး ​ကောင်ငယ်လေးဟာ အေးချမ်းတဲ့ အပြာရောင်လေးကို ရူးသွပ်စွာ စွဲလမ်းခဲ့မိတယ်။ ​ဒေါသကြီးတာလေးကစလို့ အလိုလိုက်တတ်တာလေးအဆုံး
ချစ်မိတဲ့အခါ ​ကြောင်ဆိုးလေးလို အနားမှာ ကပ်တွယ်
လို့ အချွဲပိုမိသူအဖြစ်။

အတ္တစိတ်နဲ့ တစ်ကိုယ်ကောင်းဆန်မိတဲ့အခါမျိုးမှာ
မြတ်နိုးရပါတယ်ဆိုတဲ့ လူသားကို အကြိမ်ကြိမ် နာကျင်စေမိပြန်တယ်။ အတိတ်က ဝမ်ရိပေါ်က အစ်ကို့အပေါ် အရမ်းဆိုးခဲ့တာမို့ အနာဂတ်ကဝမ်ရိပေါ်က အများကြီး ကောင်းပေးမှဖြစ်မယ်။

စွန့်လွတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မပြတ်သားနိုင်တဲ့ စိတ်ကြောင့် ခြေလှမ်းတိုင်းက ဒီလူ့ဆီကိုပဲ ပြန်ဦးတည်တယ်။ အတိတ်က ဝမ်ရိပေါ်က အဲ့သည်လောက် အတ္တကြီးခဲ့မိပါတယ်။

Imaginary You(Completed)Where stories live. Discover now