Chapter 39

8.5K 709 109
                                    

Warning:This chapter may contain traumatic scenes.Read at your own
risk.
_______________________________

ပြောခွင့်မရခဲ့တဲ့ စကားလုံးတွေ...
ဖော်ပြခွင့်မရှိခဲ့တဲ့ ချစ်ခြင်းတရားတွေ....
အဝါရောင်ဒိုင်ယာရီလေးထဲမှာ သိမ်းဆည်းလို့ စာကြုံပါးလိုက်ပါသည်။

သို့.....
အနာဂတ်က ဝမ်ရိပေါ်.....
________________________________

ရိပေါ် ​ဆေးရုံက ဆင်းသွားကတည်းက အနည်းဆုံး
တစ်ပတ်ကိုငါးရက်လောက် အိမ်လာလာနေတတ်တဲ့
မေလင်းက ရိပေါ်ရဲ့ personal doctorပေါ့။
မေလင်းအနေနဲ့ ​ရှောင်းကျန့်က ရိပေါ်ကို အပြည့်အဝ
စောင့်ရှောက်ဖို့်ဆိုတာ မလွယ်ကူမှန်း သိတာမို့
သူမကပဲ အစစအရာရာ ဦးဆောင်ရတယ်။ ရိပေါ်ရဲ့
ရောဂါလက္ခဏာတွေက ပိုပိုဆိုးလာတာနဲ့အမျှ သူမမှာလည်း ရင်တမမ။ ပိန်ချုံးလာတဲ့ခန္ဓာကိုယ်နဲ့အတူ
စကားပြောရင်လည်း အရင်လို မဟုတ်ဘဲ အရမ်းအားယူပြီး ​ပြောနေရပုံပေါက်တဲ့ ​ကောင်လေးကို ကြည့်ပြီး သူမ ရင်တွေပူလောင်ရတယ်။ ဒီသုံးလလုံးလုံး ရိပေါ်ကို ​စောင့်ရှောက်ရင်း တစ်ဖက်မှာလည်း ကိုက်ညီမယ့် အလှူရှင်ကို ရှာရပြန်သေးသည်။
ဒါတွေအားလုံးဟာ သူမချစ်ရတဲ့ ​မောင်လေးအတွက်
သူမအနေနဲ့ ​နောက်ဆုံးလုပ်ပေးနိုင်တဲ့ အရာတွေပဲ။

ဒီနေ့လည်း ထုံးစံအတိုင်းပဲ မေလင်း ​ရှောင်းကျန့်အိမ်
ကို ​ရောက်လာခဲ့သည်။ ​ရှောင်းကျန့်က မီးဖိုချောင်ထဲမှာ
မနက်စာ ပြင်ဆင်နေပုံရတယ်။ တစ်အိမ်လုံးကို ​ဝေ့ဝိုက်ပြီး ကြည့်လိုက်တော့ ရိပေါ်ကိုမတွေ့။
အရင်ကဆို သူမ ​ရောက်လာရင် ​ဆေးမသောက်ချင်လို့ ပတ်ပြေးနေတတ်တဲ့ ​ကောင်လေးက ဒီနေ့တော့ အစအနတောင် ရှာမတွေ့။

"ရှောင်းကျန့်ကော.."

"မေလင်းတောင်ရောက်လာပြီလား"

"ဟုတ်။ရိပေါ်ရော.."

"ကောင်လေးက ခုထိမနိုးသေးဘူးထင်တယ်။
ကိုယ်တော့ မနက်ကတည်းက ခုထိ အသံမကြားသေးဘူး။ အရင်က ဒီအချိန်ဆိုနိုးပါပြီ"

"ကျွန်မသွားနှိုးလိုက်မယ်"

"ရပါတယ်။ကိုယ်သွားလိုက်ပါမယ်"

"မဟုတ်တာ။ ​ရှောင်းကျန့်ကောက အလုပ်တွေ ရှိသေးတယ်မလား။ အဲ့တစ်ယောက် တမင်တကာ အိပ်ချင်ဟန်ဆောင်နေတာပဲဖြစ်မယ်။ ကျွန်မပဲသွားနှိုးလိုက်မယ်"

Imaginary You(Completed)Where stories live. Discover now