Chapter 14

5.5K 721 8
                                    

်ဝမ်ရိပေါ်ရဲ့ အဆိုပြုမှုနဲ့ ​လေဆိပ်က အပြန်မှာ အိမ်ကို တန်းမပြန်ဘဲ ဝင်မိတဲ့နေရာက cake shopလေး။
ရှောင်းကျန့်ကို ​တောင်းဆိုတဲ့ပုံက ပထမတစ်ခေါက်
တုန်းက ​လျှောက်လည်ဖို့ အစီအစဉ်က ပျက်သွားတာမို့ အဲ့နေ့အစား dateလုပ်ကြတာပေါ့တဲ့။ လိုချင်တာကို ရအောင်လှည့်ပတ်ပြီး ​ပြောတတ်တဲ့ ​ကောင်လေးက
ခပ်ဆိုးဆိုးလေး။

ဆိုင်ရောက်တော့ ဝမ်ရိပေါ်မှာတာက  cheese cake.puddingနဲ့hot chocolateတစ်ခွက်။
အခွင့်ရှိတဲ့တစ်နေ့တော့ အချိုကြိုက်လွန်းတဲ့အကျင့်
လေးကို ဖြည်းဖြည်းချင်း ပြင်ပေးရမယ်။ မင်းအတွက်
ထိခိုက်စေမယ့် အရာတွေဆို ကာကွယ်ပေးချင်စိတ်က အလိုလို။

ရှောင်းကျန့်ကတော့ Americanoတစ်ခွက်ပဲ မှာလိုက်
တယ်။ Dateလုပ်ရအောင်ဆိုတဲ့ စကားကိုကြားကြား
ုခြင်းမှာ ​ရှောင်းကျန့် စိတ်လှုပ်ရှားမိသွားတာကို ဝန်ခံပါ
တယ်။ ဒါပေမယ့် အခုအခြေအနေက dateလုပ်တယ်
ဆိုတာထပ် မုန့်လိုက်ကျွေးနေရတယ်လို့ပဲ ထင်မိတယ်။ ချွဲချွဲနွဲ့နွဲ့တွေ မပြောတတ်တဲ့ ​ကောင်လေးက
ဒီလိုလေးတော့ လူလည်ကျတတ်သေးတယ်။

နှလုံးသားကို 100%အသုံးချလိုက်တဲ့ အခါမျိုးမှာ
မင်းလိုသမျှ ဖြည့်ဆည်းပေးဖို့ဆိုတဲ့ အသိတစ်ခုပဲ
ရှိတော့တာရယ်..။

ကော်ဖီသောက်ရင်း မဆီမဆိုင်တွေးမိတာက cake
စားနေတဲ့ ဝမ်ရိပေါ်ရဲ့ ပုံစံလေးက ချစ်စရာကောင်းနေ
မလားလို့..။ နှုတ်ခမ်းထောင့်နားမှာ creamလေး
တွေပေသွားတဲ့အခါမျိုး..။ ​ပေနေတဲ့creamလေး
တွေကို လျှာဖျားလေးနဲ့သပ်လိုက်တဲ့ အခိုက်အတန့်
မျိုး..။ပုံမဖော်ကြည့်ရဲပေမယ့် ဒီအတိုင်းစိတ်ကူး
ကြည့်လို့တော့ဖြစ်တယ်မလား။

"အစ်ကို"

"အဟွတ်..အဟွတ်"

ရုတ်တရက်ခေါ်လိုက်တဲ့ ရိပေါ်အသံကြောင့် ​ရှောင်းကျန့် လန့်ပြီး ​ကော်ဖီတောင် သီးသွားတဲ့အထိ..။

"ရရဲ့လား"

"ရတယ်..ရတယ်"

ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့လည်းခံပေါ့ ရှောင်းကျန့်ရာ။ မဟုတ်မဟတ် အတွေးတွေ ဝင်မိတာကိုး..။

Imaginary You(Completed)Where stories live. Discover now