Chapter 32

5.1K 584 7
                                    

Yibo pov(13)

ပြဿလ.နာက အစပြုရာနေရာမှာပဲ အဆုံးသတ်တယ်။
ယဲ့မင်ဆိုတဲ့သူအကြောင်းကို စုံစမ်းကြည့်တော့ ကြားရ
တဲ့သတင်းတွေက ​ဒေါသထွက်ချင်စရာ။ သူကများ 
အစ်ကို့ကို ထိပါးရဲတယ်ပေါ့။ တကယ်တော့ ယဲ့မင်က
အပြောသာရှိတာ တကယ်မလုပ်ရဲတဲ့သူမို့
ရိပေါ်
အနည်းငယ် ခြိမ်းခြောက်လိုက်ရုံနဲ့ အဆင်ပြေသွားတယ်။ ​မေလင်းရဲ့ အကူအညီတော့ ယူလိုက်ရတာပေါ့။
မေလင်းအဖေရဲ့ အာဏာကို နည်းနည်းယူသုံးပြီး
ဖိအားပေးလိုက်တော့ အလွယ်တကူ ​ဖြေရှင်းပြီးသား
ဖြစ်သွားသည်။

နောက်ဆို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရိပေါ်က အစ်ကို့ကို နည်းနည်းလေးတောင် အထိခိုက်မခံတော့ဘူး။

အဖြစ်အပျက်တွေအားလုံးက မြန်မြန်ဆန်ဆန်ပဲ ပြီး
သွားတဲ့အခါ အရာအားလုံးကလည်း အရင်လို ​နေသား
တကျ။ ဧည့်သည်အဖြစ် ​ရောက်လာခဲ့တဲ့ ဝမ်ကျိုးချန်ကလည်း အချိန်တန်လို့ အိမ်ပြန်သွားခဲ့ပြီ။

လှည့်ထွက်သွားတဲ့ ဝမ်ကျိုးချန်ရဲ့ ​ကျောပြင်ကို မျက်စိတဆုံး ​ငေးကြည့်နေတဲ့ အစ်ကို့ရဲ့ ပုံစံက တစ်စုံတစ်ခု
လစ်ဟာနေသလို။
ရိပေါ်တစ်ခုသိလိုက်ရတာက
အစ်ကိုက ခွဲခွာရခြင်းတွေကို သဘောမကျဘူး။

ထားခဲ့ဖို့အစား ပိုင်ဆိုင်နိုင်ဖို့ကိုပဲ ကြိုးစားပါမယ်
ယုံယုံကြည်ကြည်နဲ့ ​စောင့်နေပေးမယ်ဆိုရင်ပေါ့...

မက်မောစရာ ဘာမှမရှိခဲ့တဲ့ ဘဝကြီးမှာ
တစ်ခုတည်းသော တွယ်တာရာလေးဖြစ်တဲ့ ခင်ဗျားကို
တစ်ခါလောက်တော့ အပိုင်လိုချင်မိသေးရဲ့။
________________________________

အမှန်အတိုင်းဝန်ခံရရင် အခုတလော ရိပေါ်ရဲ့
ရောဂါအခြေအနေက သက်သာမလာဘဲ ပိုဆိုးလာတယ်။ ​တော်ရုံဆို ဖွင့်မပြောဘဲ တစ်ယောက်တည်း ကြိတ်ခံတတ်တဲ့ ရိပေါ်ကြောင့် မေလင်းတောင် မရိပ်မိ
လောက်အောင်။

တစ်ခါတစ်ခါကျရင် အစ်ကို မျက်လုံးမမြင်ရတာကို
ရိပေါ် ​ကျေးဇူးတင်မိတယ်။ ရိပေါ်ရဲ့ ​ဝေဒနာတွေကို
အစ်ကိုမသိအောင် တကူးတက ဖုံးကွယ်စရာ မလိုဘူးလေ။ အပ်ပေါက်ရာ ဗလပွနဲ့ လက်တစ်စုံက
အစ်ကို့ကို လုံလောက်တဲ့ ​နွေးထွေးမှု မပေးနိုင်တာတော့ ခွင့်လွတ်ပေးပါ။

Imaginary You(Completed)Where stories live. Discover now