Chapter 29

4.8K 581 14
                                    

Yibo pov (10)

ရိပေါ်ရဲ့ ရောဂါအခြေအနေက တစ်နေ့တစ်ခြား ပိုပိုဆိုး
လာတယ်။ သတိလစ်ပြီး လဲကျသွားတတ်တဲ့ အကြိမ်
ရေ များလာတာနဲ့အမျှ ပြန်နိုးမလာနိုင်တော့မှာကို ရိပေါ် ​ကြောက်လာသည်။

မေလင်းဘက်ကလည်း radiation therapy နဲ့ ကုသဖို့ အမြန်ဆုံးစီစဉ်နေတဲ့အပြင် stem cell
transparentလုပ်နိုင်ဖို့ပါ ကြိုးစားနေတာကြောင့်
ရိပေါ်က ​တောင့်ခံထားမှဖြစ်မယ်။

ဒါပေမယ့်လေ ကျွန်တော် အရမ်းပင်ပန်းတာပဲ။
အရမ်းလည်း မွန်းကြပ်တယ်။ လွတ်ချလိုက်ဖို့ အတွေး
ဝင်မိတိုင်း အစ်ကို့မျက်နှာကို ပြန်မြင်ယောင်မိတော့
ကျွန်တော့်မှာ ပိုလို့ပင်ပန်းရပြန်တယ်။

ဘယ်ဘဝက ဝဋ်ကြွေးတွေကများ နှိပ်စက်နေပါလိမ့်...

ရိပေါ်ရဲ့ ​ရောဂါအခြေအနေကို အစ်ကိုမသိအောင် ဖုံး
ကွယ်ရတာက သိပ်မခက်ခဲဘူး။ ရိပေါ်ပြောသမျှ ယုံ
တတ်တဲ့ အစ်ကို့ကို လှည့်စားသလို ဖြစ်နေပေမယ့်
ရိပေါ်မှာ ဒီလူသားကို နည်းနည်းလေးတောင် အထိခိုက်မခံစေချင်တဲ့ ရည်ရွယ်ချက်လေးပဲ ရှိတာပါ။

ဒီရက်ပိုင်းတွေမှာ ​ရောဂါရဲ့ ဖိနှိပ်ဒဏ်ကို ရိပေါ်ဟာ အလူးအလဲ ခံစားခဲ့ရတယ်။ အရင်ကလည်း
တစ်ယောက်တည်း ကြိတ်မှိတ်ခံစားခဲ့ရတာ ဆိုပေမယ့် အခု ရိပေါ် အရင်ကထပ် ပိုအထီးကျန်သလို ခံစားရတယ်။

နာကျင်ရမယ်မှန်းသိသိနဲ့ ​ရွေးချယ်ခဲ့တဲ့ လမ်းတွေပါပဲ
ခင်ဗျားကလွဲလို့ တစ်ခြားအကြောင်းပြချက် များများစားစား မလိုခဲ့ဘူး။
_________________________________

ရိပေါ်ရဲ့ တစ်နေ့တာက ​ဆေးရုံမှာပဲ ကုန်ဆုံးရတာများ
တယ်။ ​မေလင်းရဲ့ မျက်ခြေမပြတ် ​စောင့်ကြည့်မှုအောက်မှာ ရိပေါ်ဟာ ဘာမှမဟုတ်တာ မလုပ်ရဲလောက်အောင်။

ပိုးသတ်ဆေးနံ့တွေ ဖုံးလွှမ်းနေတဲ့ဆေးရုံခန်းက
မွန်းကြပ်တယ်။
ဝေဒနာတွေကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားရတာက ပင်ပန်းတယ်။
ဒီလိုအချိန်မျိုးမှာ ခင်ဗျားလက်လေးကို ဆုပ်ကိုင်လို့
ရင်ခွင်ထဲ ​ခေါင်းလေးတိုးဝင်ပြီး ချွဲနေလိုက်ချင်တာ။

Imaginary You(Completed)Where stories live. Discover now