Chapter 13

5.6K 769 17
                                    

ရှောင်းကျန့်နိုးလာတဲ့အချိန်မှာ တစ်ကိုယ်လုံး ကိုက်ခဲနေပြီး လူကလည်း မလှုပ်ချင်လောက်အောင် နွမ်းနယ်နေတယ်။ နိုးလာလာချင်းမှာဘပထမဆုံးကြားလိုက်တဲ့ အသံက အရမ်းတော့ သာယာမနေခဲ့ဘူး။

"ရှောင်းကျန့်။မင်းနိုးလာပြီလား"

"......"

"အလကားစောက်ရူးထတာလေ။ အခုတော့ဖျားပြီမလား။နည်းတောင်နည်းသေးတယ်"

အာခေါင်တွေ ​ခြောက်ကပ်နေပြီး စကားပြောဖို့ အနိုင်နိုင်ဖြစ်နေတဲ့ အခြေအနေမှာတောင်မှ ​ရှောငကျန့် ရှိသမျှ အားကုန်သုံးပြီး နာမည်လေးတစ်ခုကို ​ရေရွတ်မိတယ်။

"ရိပေါ်..ရိပေါ်ရော..."

"မင်းကွာ..။ အခုလိုဖြစ်နေတာတောင် ​မျှော်နေသေးတယ်။ မင်းတို့ ဘာဖြစ်ကြလဲ မသိပေမယ့်..အဲ့ကောင်
ကြောင့် မင်းအခုလိုဖြစ်တာဆိုရင် ငါနဲ့တွေ့မယ်"

"ရိပေါ်...မ..မမှားပါဘူး"

"အေး...ကောင်းတယ်။ ကာကွယ်ပေးနေလိုက် သိလား။မင်းလိုကောင်ကို ​သေလည်းသေဆိုပြီး ပစ်ထားလိုက်
ရမှာ။ ​ခေါ်လာမိတာငါ့အမှား"

"......"

"မင်းခနနေဆေးသောက်ရမယ်။ ငါမင်းစားဖို့ တစ်ခုခု
သွားလုပ်နေတုန်း နားရင်နားနေလိုက်"

"အင်း"

ကျိုးချန်အကြောင်းကို ရှောင်းကျန့်ကောင်းကောင်းသိတာပေါ့။ ဘယ်လောက်ပဲ အပေါက်ဆိုးနေပါစေ
သူရှောင်းကျန့်အပေါ် အရမ်းသံယောဇဉ်ရှိတယ်။
စိတ်ဆိုးနေတဲ့အသံနဲ့ ​ပြောသွားတဲ့ စကားလုံး
တွေထဲမှာ စိတ်ပူပန်မှုတွေ အပြည့်နဲ့။ ကိုယ့်ဘက်ကနေ မခံစားနိုင်လို့ ​ပြောပေးတဲ့ သူငယ်ချင်းအရင်းခေါက်
ခေါက်ကိုတောင် လွန်ဆန်ပြီး မင်းကို ကာကွယ်ပေး
ချင်တဲ့သူ ဆိုတာကို မင်းသိရင် သိပ်ကောင်းမှာပဲ။

အပြည့်အဝ အနားမယူရသေးပုံရတဲ့ ခန္ဓာကိုယ်က
ပြန်လည်လေးလံလာပြီး ​ရှောင်းကျန့်အိပ်ပျော်သွားခဲ့
ပြန်တယ်။

ရှောင်းကျန့်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်း
မသိလိုက်။ ပြန်နိုးလာတော့ နှာခေါင်းထဲတိုးဝင်လာတဲ့
ရှောင်းကျန့်နဲ့ အရင်းနှီးဆုံး marshmellowနံ့လေး။
ရှောင်းကျန့် ချက်ချင်းထထိုင်လိုက်ပြီး..

Imaginary You(Completed)Where stories live. Discover now