Chapter 36

6.2K 705 61
                                    

သူ့အတွက်ဆိုတဲ့ စိတ်နဲ့ ရှင်သန်ရင်း ကိုယ့်ဘဝကိုယ်
မေ့နေခဲ့ဖူးတဲ့ ​ကောင်လေးကို ဒီတစ်ခါတော့ သူ
ထွေးပွေ့ပေးရမယ်မဟုတ်လား။

လူတွေဟာ ဆုံးရှုံးဖူးမှ တန်ဖိုးသိကြတယ်တဲ့။
ရှောင်းကျန့်ကတော့ မဆုံးရှုံးရသေးခင်ကတည်းက
အသက်နဲ့အမျှ တန်ဖိုးထားခဲ့တာပါ။

နာကျင်ခဲ့ရတဲ့ အတိတ်တွေကို ​မေ့လိုက်ပါ
ဝေးကြရမယ့် အနာဂတ်ကို ကြိုမတွေးပါနဲ့။
ပစ္စုပ္ပန်မှာပဲ ကိုယ့်လက်ကို ဆုပ်ကိုင်လို့ ကိုယ့်ရင်ခွင်မှာ
ခိုလှုံပါ။ မင်းတစ်ကိုယ်စာတော့ ​နွေးစေလောက်ပါရဲ့။
_________________________________

ရိပေါ်ကို အိမ်ပြန်ခေါ်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့
စကားကို လွယ်လွယ်နဲ့ ​ပြောထွက်နိုင်တဲ့ ​ရှောင်းကျန့်ကို ကြည့်ပြီး ​မေလင်းအံ့ဩမိတယ်။
ဒီစကားရဲ့ အဓိပ္ပါယ်ကိုရော နားလည်ရဲ့လား။
တကယ်ဆို အခုလို အခြေအနေမှာ သူက သူမထပ်
ပိုစိတ်ပူနေရမှာမဟုတ်လား။

"ကျွန်မလုံးဝလက်မခံနိုင်ဘူး။ ရှင်ပြောတဲ့ စကားရဲ့
အဓိပ္ပါယ်ကို ရှင်နားလည်ရဲ့လား။ ရိပေါ်ရဲ့အခြေအနေအရ ​ဆေးရုံမှာဆေးကုသမှုခံယူမှ ဖြစ်မယ်ဆိုတာ
ကို ရှင်မသိတာလား"

"ကျွန်တော်သိပါတယ်။ဒါပေမယ့် ဒီလောက်ဆို
လုံလောက်ပြီမလား။ကောင်လေးအရမ်းပင်ပန်းနေပြီ"

"ရှင်ဆိုလိုချင်တာက ရိပေါ်ကိုလက်လွတ်လိုက်တော့
မယ်ဆိုတဲ့ သဘောလား!!"

"အကယ်၍ ဆေးကုသမှုခံယူနေဦးမယ်ဆိုရင်ရော
ရိပေါ်ကပြန်ကောင်းလာမှာလား"

"အဲ့...အဲ့တာကတော့...စောင့်ကြည့်ရမှာပေါ့။ကိုက်ညီတဲ့အလှူရှင်တွေ့တဲ့အထိ"

"မေလင်းပြောသလို အလှူရှင်တွေ့ပြီး အစားထိုးကုသလိုက်ရင် ​သေချာပေါက်ပြန်ကောင်းနိုင်မှာလား"

"........"

ဒီမေးခွန်းအတွက် သူမမှာဖြေစရာအဖြေမရှိဘူး။
အစားထိုးကုသပြီး ပြန်ကောင်းသွားတဲ့သူတွေ ရှိသလို
ပြန်ကောင်းမလာနိုင်တဲ့သူတွေလည်း ရှိနေသေးတာ
မို့ သူမ အတိအကျအာမမခံရဲဘူး။

"ကောင်လေးကပြောတယ်။ဆေးရုံမှာနေရတာအရမ်းမွန်းကြပ်တာပဲတဲ့"

Imaginary You(Completed)Where stories live. Discover now