Chapter 15

5.8K 707 29
                                    

ပိုင်ဆိုင်ချင်တယ် ဆိုပြီး တဖွဖွရွတ်နေတာက ​ရှောင်းကျန့်ဖြစ်သလို တကယ်ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားရန် တွန့်ဆုတ်နေတာကလည်း ​ရှောင်းကျန့်ပဲ ဖြစ်ပြန်တယ်။

သူ့လိုလူက ​ကောင်လေးနဲ့ ထိုက်တန်ပါ့မလားဆိုတဲ့
အတွေးမျိုး ဝင်လာမိချိန်ဆို ​ရှောင်းကျန့်မှာ အလူးအလှိမ့်
ခံစားရပြန်တယ်။

တစ်ချိန်လုံး အလှကြည့်နေခဲ့ရတဲ့ ပန်းကလေးကို
မြတ်နိုးလွန်းလို့ပါ ဆိုတဲ့အကြောင်းပြချက်နဲ့ ခူးဆွတ်
ပစ်ဖို့ကို အားနာမိတာတော့အမှန်။

မင်းကို ကိုယ့်အပိုင်ဖြစ်စေချင်တာထပ်
ကိုယ့်ဘဝကို မင်းဆီမှာ ပုံအပ်ချင်တာ...။
ဒီလူကငါ့လူလို့ တံဆိပ်ခတ်ချင်တာထပ်
ငါကသူ့လူပါလို့ ​ကြေညာချင်တာ.....။
အဲ့တာတွေက မင်းနဲ့မှဖြစ်ပေါ်လာတဲ့
ကိုယ့်ရဲ့ အတ္တလေးတွေ။

----------------------------

စိတ်လှုပ်ရှားမှုကြောင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့သလို မနက်ရောက်တဲ့အထိလည်း မတည်ငြိမ်နိုင်သေးသူ ​ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဖွင့်ပြောဖို့အတွက်
အစီအစဉ်ထိုင်ဆွဲနေမိတယ်။

ရည်းစားစကားပြောရင် romanticဆန်ရတယ်တဲ့။
ဒါပေမယ့်ေးရှာင်ကျန့်ဟာ အဲ့ရိုမန့်တစ်ဆိုတာကြီးက အမြီးပါလား၊ ​ခေါင်းပါလားတောင် မသိတဲ့လူစားမျိုး ဆိုတော့အခက်သား။ ကျိုးချန်ကို ဖုန်းဆက်မေးပြန်ရင်
လည်း ဟိုက စွကျိုးနည်းအကြံဥာဏ်တွေ ​ပေးဦးမှာမို့
မယုံရဲပြန်။

နောက်ဆုံးတော့လည်း အရိုးရှင်းဆုံး အစီအစဉ်လေး
ကိုပဲ ​ရွေးချယ်လိုက်တော့တယ်။ အချိုကြိုက်တဲ့ ​ကောင်လေးစိတ်တိုင်းကျ ကိုယ်တိုင်ဖုတ်ထားတဲ့ ကိတ်မုန့်
လေးရယ်၊ ပန်းစည်းလှလှလေးရယ် ​ပေးပြီး ချစ်ရေးဆို
လိုက်လည်း ဖြစ်တာပဲ။ ချဲ့ကားနေမယ့်အစား အခုလို
လေးက ပိုပြီး စိတ်သက်တောင့်သက်သာဖြစ်လောက်
တယ်။ အဓိကက ကိုယ်ချစ်နေတာကို သူသိဖို့ပဲလေ။
သူ့ဆီက တုံ့ပြန်လာမယ့် ​မေတ္တာကိုတော့ မဆိုစလောက်လေး ​မျှော်လင့်မိသေးတာပေါ့။

"ကောင်လေး"

"ပြောလေ အစ်ကို"

"ဟိုလေ..ညနေကျရင်စောစောပြန်ခဲ့ပါလား"

Imaginary You(Completed)Where stories live. Discover now