Chapter 33

5.3K 598 15
                                    

Yibo pov (14)

ကံဆိုးခြင်းတွေရဲ့ အဆုံးမှာ ကံကောင်းခြင်းတွေ ရှိတယ်လို့ ရိပေါ်က ယုံကြည်တယ်။

နာကျင်စရာတွေ ကုန်လွန်သွားတဲ့ တစ်နေ့ကျရင်
မြိုသိပ်ထားခဲ့ရသမျှ ချစ်ခြင်းတွေကို သက်ဆိုင်သူသိ
အောင် ဖွင့်ပြောဖို့ အားခဲထားမိတယ်။

မြတ်နိုးရတဲ့ ခင်ဗျားမျက်နှာလေးကို ​ငေးလို့
ချစ်ခြင်းအကြောင်းကို တဖွဲ့တနွဲ့ ဆိုတဲ့အခါ
ပြုံးပြီး နားထောင်ပေးနေမယ်မဟုတ်လား။

_____________________________

တစ်ပတ်ကျော်ကျော် ​စောင့်ပြီးတဲ့အခါမှာတော့ ရိပေါ်
မျှော်နေတဲ့အချိန်ကို ​ရောက်လာခဲ့ပြီ။ ဒီနေ့ဟာ သူ့နဲ့ ပါပါးရဲ့HLA resultထွက်မယ့်နေ့။ အကယ်၍
ကိုက်ညီခဲ့ရင် bone marrow transparent
လုပ်ပြီး သူအသက်ရှင်ဖို့ ​မျှော်လင့်ချက် ရှိနိုင်ပြီဖြစ်တယ်။ ဒီတစ်ပတ်လုံး ရင်တမမနဲ့ စိတ်ပူလာခဲ့ရသမျှက
ဒီနေ့မှာတော့ ​မျှော်လင့်ခြင်း အရောင်အဝါတွေ ​တောက်ပနေတယ်။

စိတ်လှုပ်ရှားနေတာကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့
တဲ့ ရိပေါ်ဟာ မနက်ရောက်တော့ အိပ်ယာထနောက်ကျသွားတာမို့ ​မေလင်း ချိန်းထားတဲ့ အချိန်မှီအောင်
အမြန်ပြင်ဆင်ရတော့တယ်။

ရေချိုးပြီးထွက်လာတော့ ရိပေါ်အခန်းထဲမှာ မလှုပ်မယှက်ရပ်နေတဲ့ အစ်ကို။

"အစ်ကို"

"ဟင်။ကောင်..ကောင်လေး"

ရိပေါ်အသံကြားတော့ လန့်သွားပုံရတဲ့ အစ်ကို့မျက်နှာ
အမူအယာက တစ်ခုခု မဟုတ်တာ လုပ်ထားသလို။

"အစ်ကိုဘာရပ်လုပ်နေတာလဲ"

"အာ..ကောင်လေးကိုမနက်စာစားဖို့လာခေါ်တာ"

"အစ်ကို့လက်ထဲကဖုန်းက"

"ဟင်။အာ..ကောင်လေးသူငယ်ချင်းဆက်တာ။
ကိုယ်တောင်ဘာမှမပြောလိုက်ရဘူး။ဖုန်းချသွားတယ်"

"ဩော်.."

သူနောက်ကျနေလို့ ​မေလင်းဆက်တာဖြစ်ရမယ်။

"ကောင်လေး"

"ပြောလေ အစ်ကို"

"ဒီနေ့ကိုယ်ဈေးသွားဝယ်မလို့။ကောင်လေးလိုက်ပို့
ပေးမလား"

Imaginary You(Completed)Where stories live. Discover now