Part1

108K 4K 99
                                    

"ဘုန်း!....."

ကျယ်​လောင်လှ​သောအသံတစ်ခုသည်မနက်ခင်း၏တိတ်ဆိတ်ခြင်းကိုဖြိုခွဲလိုက်​လေသည်။

"အ့..အ​မေ့..အ့..​သေ.ပါ.ပြီ.ဟ"

ထိုအသံနှင့်အတူတစ်ဆက်တည်းထွက်လာ​သောငြီးတွားသံ​လေး​ကြောင့်မီးဖိုခန်းမှအမျိုးသမီးတစ်ဦးသည် ​ခေါင်း​လေးခါရင်း နှစ်ခြိုက်စွာပြုံးလိုက်သည်။

"အင်း..​ရောင်​ရောင်​​လေးမှဟုတ်ရဲ့လား​ဟေ့!?..ဒီ​လှေကားကြီးကို ဆင်းလိုက်တက်လိုက်လုပ်လာတာပဲ​ ရောင့်တစ်သက်ရှိ​နေပြီကွယ်..ခုထိပြုတ်ကျ​နေတုန်းလားမား သား​လေးရ"

သူ(မ)ကဂရုဏာသံ​လေးနှင့် ရွှတ်​နောက်​နောက်​လေးပြော​တော့"မားကလည်း​ လှေကား​တွေက​ရောင့်ကို ခလုတ်တိုက်​​အောင် တမင်လုပ်တာ။အယ့်လှေကား​တွေအပြစ်" ဟူ​သောပွစိပွစိမ​ကျေနပ်သံ​လေး ထွက်လာ​လေသည်။

"ဟား..ဟား..ဟုတ်ပါပြီရှင်..ခု​ကျောင်းသွား​တော့မယ်မလား..​ရော့ထမင်းဘူး.."

ပြောရင်း မီးဖိုခန်းထဲကထွက်လာပြီး သားငယ်ဖြစ်သူ လက်ထဲသို့ထမင်းဘူး​လေးထည့်​ပေးလိုက်သည်။

"​ရောင်​ရေပြီးပြီးလား​ဟေ့"

ထိုအချိန် ​နောက်ထပ်အသံဆာဆာ​လေးတစ်ခု ထပ်ထွက်လာပြန်သည်။ထိုအသံ​လေးက​တော့ ​ရောင့်အမဖြစ်သူကြယ်စင်၏အသံပင်။

"ပြီးပြီမမ"

လရောင်တစ်ယောက် လူမမြင်ရ​သေးခင်အသံအရင်လာ​သော
အမဖြစ်သူကို ပြန်​ဖြေရင်းမိခင်နားသို့အ​ပြေး​လေးကပ်သွားကာ

"မားတာ့တာ..အာဘွား​ပေးဦးမယ်..မွ..မွ"

က​လေးဆန်​သောသူ့အပြုအမူ​လေးအတိုင်း ကပ်ချွဲလိုက်သည်။

"ပါးအိပ်ပုတ်နဲ့ကိုကို​ကျောင်း​ပြေးကို​တော့​ရောင်​လေထဲကပဲ​ပေးလိုက်​တော့မယ်​​နော် ဟီး.."

မိခင်ကို အာဘွား​ပေးရင်း အိပ်ရာမှ မထ​သေး​သောအကိုနှင့်အ​ဖေကိုလည်း နှုတ်ဆက်ရန်မ​မေ့။

"​ဟုတ်ပါပြီရှင်။​ပါပါးနဲ့ကိုကိုနိုးလာရင်မားကတစ်ဆင့်​ပေးလိုက်ပါ့မယ်​တော်။ဪဒါနဲ့ ကျောင်းမှာ​ထပ်ချော်မလဲ​စေနဲ့ဦး​နော်!!"

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now