Part20

30K 2.1K 167
                                    

သာယာ​သောမနက်ခင်း​လေးတစ်ခု အစပြုချိန်တွင် အိမ်ကြီးတစ်အိမ်ထဲ၌ ​လေးနှစ်အရွယ်​ကောင်​လေးတစ်​ယောက်၏ တဂျီဂျီအသံ​လေးသည် ငှက်က​လေးများ၏ မနက်ခင်း​တေးသီသံနှင့် အပြိုင်ကျွတ်ကျွတ်ညံ​နေ​လေသည်။ ဒီ​နေ့သူ​လေးသိပ်​ပျော်​နေတယ်ထင်ပါရဲ့။

"Mom! Mom! your time is up. I want to meet dad please"

သူ​လေးက ခုန်​ပေါက်လျက် မိခင်ဖြစ်သူ၏လက်ကို လှုပ်ခါကာ​ပြောသည်။

"Ok Ok! Let's go the day after tomorrow, but you only have to speak in burmese.Ok?"

"ဟုတ်!"

"အမယ်ချက်ချင်းပဲ။ ဖေ​ဖေ့ကိုအယ်​လောက်​တောင်​တွေ့ချင်​နေလားbaby"

"ဟုတ်"

"ဟုတ်ပါပြီရှင်။ အဆင်သင့်ပြင်ထား​နော်"

"ဟုတ်"

"ကဲသွား အထုပ်​တွေသွားထည့်ချည်​တော့​​နော်"

"Yes Sir!!"

သူ(မ)စကား​တွေကို တဟုတ်ဟုတ်လုပ်လျက် တက်ကြွစွာပင် ခုန်​ပေါက်ပြီးအ​ပေါ်သို့​ပြန်ပြေးတက်သွား​သော သားဖြစ်သူကိုကြည့်ကာ ရိုစ့်ပြုံးမိသည်။ ချစ်ဖို့​ကောင်းလှ​သော ဒီက​လေး​လေး၊ သူ(မ)ရဲ့တစ်ဦးတည်း​သော ​သွေးသား​လေးကို​တော့ ပြည့်ပြည့်စုံစုံထား​ပေးချင်သည်​လေ။

သန်ဘက်ခါကျ သူ(မ)တို့သားအမိ ရန်ကုန်ပြန်ကြမည်။ အရင်ကမဖြစ်​မြောက်လိုက်ဘဲ လွဲ​ချော်ခဲ့ရ​သော ကိစ္စတချို့ကို နည်းလမ်းတစ်မျိုး​ပြောင်း၍ဖြစ်​မြောက်​အောင်လုပ်မည်။

​သေချာ​ပေါက်သူ(မ)မှာ ယုတ်မာဖို့စိတ်ကူးဆိုတာမရှိခဲ့ရိုးအမှန်ပါ။ သူ(မ)ဖြစ်ချင်ခဲ့တာ အမျိုးသမီးတစ်​ယောက်အ​နေနဲ့၊ မိခင်တစ်​ယောက်အ​နေနဲ့၊ ​ကျော်ကြားတဲ့စန္ဒယားပညာရှင် တစ်​ယောက်အ​နေနဲ့ ပြည့်ပြည့်စုံစုံ တင့်​တောင်းတင့်တယ်​နေချင်မိခဲ့ရုံ။ သူ(မ)ရဲ့တစ်ဦးတည်း​သော ​သွေးသားကို ပြည့်ပြည့်စုံစုံ မိစုံဖစုံထား​ပေးချင်ခဲ့ရုံ။

"ဟူး...ဖြစ်လာမယ့် ကိစ္စ​တွေအတွက် ငါမင်းကို ဘယ်လို​တောင်းပန်ရမလဲလင်းလ​ရောင်"

​ရှေ့​ရေး​တွေကိုကြို​တွေးကာ​ရေရွတ်ရင်း သက်ပြင်း​မောကို ​လေးပင်စွာချမိသည်။ ထို့​နောက် ဖုန်းထုတ်ကာတစ်စုံ​တစ်ယောက်ထံ​ခေါ်လိုက်သည်။ သန်ဘက်ခါပြန်ရင် လိုအပ်တာ​တွေအကုန်ပြင်ဆင်သွားရမည်မလား။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now