Part25

33.1K 2.3K 137
                                    

"​ရောင်​လေးFormသွားတင်ပြီးပြီလား"

"ဟုတ်မမတင်ပြီးပြီ။ ခုအလုပ်အပ်တာ​စောင့်ဖို့ပဲလို​တော့တယ်။ ဟီး.."

"​အေးပါအဆင်​ပြေမှာ"

"အာကူး..ပါ ပါး.."

"အာ့ အာ့ ​သေပါပြီဗျာ"

အမဖြစ်သူနှင့်စကား​ပြော​နေတုန်း ​အောက်က​နေ ​ခြေသလုံးသား​တွေကို သွားဖုံး​လေးနှင့်ဖိကြိတ်ကာကိုက်​နေ​သော ယံယံ​လေး​ကြောင့် လ​ရောင်အလန့်တကြားပင် ​အော်မိသည်။ ပုံမှန်ဆို ဘာမှမဖြစ်​ပေမယ့် ရုတ်တရက်ကျ ထိုသွားဖုံးသား​လေး​တွေက အသည်းယားစရာ​ကောင်းလွန်းသည်မလား။

"ယံ ယံ ဆိုး!!"

ဖခင်ဖြစ်သူကိုနာ​အောင်လုပ်တာ​ကြောင့် ​ရောင်​ရောင်​လေးထံမှ လက်ညှိုး​သေး​​သေး​လေးတစ်ချောင်း​ထောင်ကာ​ပြောလာ​သော အသံ​လေး​ထွက်လာ​​လေသည်။ ထိုအခါ ယံယံ​​လေးမှာ နှုတ်သီး​လေးကိုစူ​ထော်လို့ စိတ်ဆိုးပြသည်မှာ ​ကောက်ကနဲ။

"ယံယံကဆိုးတာလား ဟုတ်လား​ ရောင်​ရောင်​လေး"

"အူး ယံ ယံ ဆိုး!! "

"ဟား ဟား"

သူတို့တီတီ​လေးကပါ ​ရောင်​ရောင်​လေးနှင့်အကိုင်​အ​ဖောက်ညီစွာစ​တော့ ယံယံ​လေးရဲ့နဂို စူပုတ်​နေ​သော မျက်နှာ​လေးမှာ ငိုတော့မည်အသွင်ဘက်သို့​ပြောင်းလို့။

"​ပေါက်စ​လေး​တွေ​ရေ!!!"

ထိုအချိန် အသံဗြဲနှင့်ထွက်လာ​သော အမြွှာ​လေးတို့၏ ဦးငယ် လင်း​နေ

"ဦးငယ်ရဲ့​ပေါက်စ​လေး​တွေဘယ်မှာလဲကွ"

"ဒီဒီ အူး နယ် ဒီဒီ!"
"အူး နယ် ခစ်ခစ်!!"

သူတို့ဦးငယ်အသံကြားသည်နှင့် အူမြူး​နေကြ​သောပိစိ​လေးနှစ်ယောက်မှာလည်း တဒီဒီနှင့်သူတို့ဒီမှာဖြစ်​ကြောင်းအသံ​ပေး​လေသည်။ တကယ့်ငကဲ​လေး​တွေရယ်ပါ​​လေ။

"ကိုကိုလာပြီလား ရောင်အ​အေးသွား​ဖျော်​ပေးမယ်​နော်"

"အင်း က​လေး"

"မမကလည်းက​လေးအ​ဖေပါ။ က​လေးမဟုတ်ပါဘူး"

"ဟား..ဟား..!!ဟုတ်ပါပြီက​လေးအ​ဖေရယ်"

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now