Part6

36.8K 2.8K 32
                                    

"ဟုတ်ပြီ​ပြောကြည့်ပါ အကို့ရဲ့ စာချုပ်ဆိုတာကို"

လ​ရောင်က စကားစကာ​ပြော​တော့ ​နေယံကသက်ပြင်းရှည်တစ်ချက်ချ​လေသည်။

"အင်း....မင်းလည်းသိ​လောက်မှာပါ ငါ့မှာချစ်ရမယ့်သူရှိတယ်ဆိုတာ။ ခုဒီကိစ္စဖြစ်သွားတာကလည်း ငါ့တို့နှစ်​ယောက်ရဲ့ဆန္ဒ​ကြောင့်မဟုတ်ဘဲမ​တော်တဆပဲ​လေ။ မင်းလည်းငါ့ကိုမချစ်ဘူးမလား။"

​နေယံက​ပြော​နေရင်းပင် မျက်လုံးကို​ဝင့်လျှက် သူပြော​နေတာကိုနား​ထောင်ရဲ့လားဟုကြည့်​တော့ လ​ရောင်ကဆက်​ပြောဆို​သောအကြည်ဖြင့်​ခေါင်းညိတ်ပြသည်။

"ငါတို့နှစ်​ယောက်မချစ်​ပေမဲ့လည်း မင်းလွယ်ထားရတာ ငါ့​သွေးသားဆို​တော့မင်းအ​ပေါ်လည်း ငါတာဝန်မမဲ့ချင်ဘူး။ အယ့်​​တော့ မင်းကိုငါလက်ထပ်မယ်။ မင်းက​လေး​မွေးပြီးတဲ့အထိ ငါနဲ့​နေရမယ်။ မွေးပြီးရင် ငါတို့ကွာရှင်းပြီး ကိုယ့်လမ်းကို​လျှောက်ကြမယ်။ က​လေး​တွေကို​တော့ တူတူတာဝန်ယူကြတာ​ပေါ့။ ဘယ်လိုလဲ မင်းသ​ဘောတူနိုင်မလား"

​စကားအဆုံး ​ကော်ဖီပူပူခါးခါးကို တစ်ငုံ​သောက်ကာ လ​ရောင်ကို​မေးဆက်ပြ​တော့ လ​ရောင်က မျက်ခုံး​လေးပင့်ကာ မျက်လုံး​လေးဝင့်ပြီး စဥ်းစားဟန်ပြု​လေသည်။အတန်ကြာစဥ်းစားပြီးမှ

"အို​ခေ​လေ ကောင်းပြီ ရောင် အဲလေ
ကျွန်​တော် သ​​ဘောတူပါတယ်"

"က​လေး​မွေးပြီးတဲ့ထိပဲ​နော်။ သ​ဘောတူတာ​သေချာလား"

"အင်း"

"​ကောင်းပြီ Deal?"

"Deal!"

ဤသို့ဖြင့်သာ ​နေယံနှင့်လ​ရောင်တို့သည်က​လေး​တွေအတွက် ဆို​သော​ခေါင်းစဥ်ဖြင့် အချစ်မပါဘဲ ဟန်​ဆောင်လက်ထပ်ခြင်းကို နှစ်ဦးသ​​ဘောတူလုပ်ခဲ့ကြသည်။

တ​စ်ကောင်ကြွက်ဖြစ်​သော​ နေယံအတွက် မိဘထားခဲ့သည့်လုပ်ငန်းများမှလွဲ၍ဘာမှမရှိ​သည်မို့အိမ်၏သ​ဘောတူညီချက်ယူစရာမလို​သော်လည်း လရောင်၏မိသားစုမှာမူ ​"ကိုနေယံကလက်ထပ်ခွင့်​တောင်းတယ်" ဆို​သောလ​ရောင်၏ စကား​ကြောင့် အံ့သြကြီးစွာဖြစ်​နေခဲ့ကြသည်။ သို့​သော်လည်း ကန့်ကွက်ခြင်းမပြုခဲ့ကြပါ။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now