Part15

36.6K 2.6K 53
                                    

"အင်း အင့်!"

ကုတင်ထက်က ​စောင်ထုပ်​လေးထဲမှလူးလူးလွန့်လွန့်​လေးနှင့်နိုးလာ​သောလ​ရောင်။ အသံ​လေး​ပေးကာ အ​ကြောဆန့်ရင်း မျက်လုံး​လေး​တွေကို ဖိပွတ်​နေ​လေရဲ့။

"နိုးပြီလား​ပေါက်စ"

"အွန်း"

"မနက်စာဘာစားချင်လဲ"

"အင်း.....နန်းကြီးသုပ်ချဥ်ချဥ်ငန်ငန်စပ်စပ်​လေး"

"OK! ကိုယ် ကြီးသိမ့်ကို​ပြောလိုက်မယ်။ရေသွားချိုးလိုက်​နော်"

"ဟုတ်"

သူ​ပြောပြီးသည်နှင့်ကုတင်မှထကာ ဖင်​လေးလှုပ်လှုပ် လှုပ်လှုပ်နဲ့ ဗိုက်က​လေး​​ရှေ့ပစ်ပြီး သွား​လေသည်။

"Komikopokomi...komi..komi..pokoo..mi"

စိတ်​ပျော်​နေသည်ထင် ခေါင်း​လေးကတလှုပ်လှုပ်နဲ့သီချင်း​တွေဆို​နေပြန်ပါ​သော​ကောင်​လေး။ ဒီတခါ​တော့​baby sharkမဟုတ်​တော့။

"ဟားဟား..."

ထို​ကောင်ငယ်​လေးကိုလိုက်ကြည့်​နေရင်း ​နေယံခိုးရယ်မိသည်။ တကယ်ကိုချစ်ဖို့​ကောင်းတဲ့​ပေါက်စ​လေးမို့

"အားလား!"

ရယ်လို့မှမဆုံး​သေး ​ရေချိုးခန်းထဲမှ​အော်သံ​ကြောင့် ​နေယံ ​ရေချိုးခန်းနားသို့ အ​ပြေးတစ်ပိုင်းသွားရပြန်သည်။

"​ပေါက်စဘာဖြစ်တာလဲ!?တံခါးဖွင့်စမ်း!ပေါက်စ"

တံခါးကိုတဒုန်းဒုန်းထုရင်းဖွင့်ခိုင်း​တော့ ပွင့်လာတဲ့တံခါး​နောက် ငိုယိုကာသူ့လက်​လေးသူ ပွတ်လျက်ထွက်လာပါ​သောက​လေးငယ်။

"ဘာ ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲကွာ"

"အဟင့်!..ဦး​နေယံ အယ့်​​ဘေဇင်၊ အယ့်​ဘေဇင်က​လေ ဟင့်! ရွှတ်! ရောင့်လက်ကိုနာ​အောင်လုပ်တယ်။ ဟင့်! အီး...ဟီး.."

​ရေချိုးခန်း​ပေါက်ဝမှာမတ်တပ်က​လေးရပ်လို့ ​​ဗေဇင်ကို လက်ညှိုးထိုးရင်း ငိုကာ တိုင်​နေ​သော​ကောင်ငယ်​လေး။ တကယ့်က​လေး​လေးပါ​လေ။

"ဟားဟား..."

"ဘာရီတာလဲဗျ! ​ဘေဇင်ကိုဆူ​လေ"

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now