Part23

28.6K 2.1K 79
                                    

Marchလ၏အစ ​​သာယာ​သော​နွေဦးမနက်ခင်းအချိန်အခါ​လေးဝယ်​ ​​ဆေးအဖြူ​ရောင်​ဖွေး​နေ​​အောင်သုတ်ထား​သော တိုက်အိမ်ကြီး၏​ခြံထဲ၌ ဗိုက်လုံး​လေးနှင့်​ကောင်​လေးတစ်​ယောက်သည် အထုပ်က​လေး​တွေ ဟို​ရွှေ့ဒီ​ရွှေ့နှင့် ​ယောက်ယက်ခက်စွာလှုပ်ရှားလို့ ​နေ​လေသည်။

"လ​ရောင်!"

​နောက်က​နေလူ​ခေါ်သံကြားလိုက်​တော့ ထို​ကောင်​လေး၏ ခန္ဓာကိုယ်​လေးမှာ တုန့်ကနဲဖြစ်သွားရ၏။

"ဘာ​တွေ​လျှောက်မ​နေတာလဲ။ ငါမမှာ​ပေါ့။ ခုသွားကြ​တော့မလား"

မင်းဝသုန်က လ​ရောင်လက်ထဲက အထုပ်​တွေကို ​ပြောင်းယူလိုက်ရင်း​မေး​တော့ ထို​ကောင်​လေးသည် နဖူးပြင်၌စို့​နေ​သော ​ချွေး​တွေကိုသုတ်ဖယ်လျက်"အင်း"ဟု တစ်လုံးတည်းသာ​ဖြေ​လေသည်။
ထိုသို့ စကားကိုခပ်မာမာ​ပြောတက်ပြီး အရယ်အပြုံးမရှိ​တော့တာ လွန်ခဲ့တဲ့လ​တွေတည်းကမို့ ​မင်းဝသုန်လည်း ဘာမှ​ပြောမ​နေ​တော့။ သက်ပြင်း​မောကိုသာချရင်း ​ပြောစရာရှိတာကိုဆက်လိုက်သည်။

"မင်းမားမားတို့ကို ငါအကြမ်းဖျင်း​ပြောပြထားတယ်။ သူတို့လည်း​ဆေးရုံကိုလိုက်လာလိမ့်မယ်"

"အင်း​ကျေးဇူး"

"ငါ အထုပ်​တွေသွားတင်ဦးမယ် ဘာမှ​လျှောက်မမနဲ့​နော်"

"အင်း"

မင်းဝသုန်လ​ရောင်အား အတန်တန်မှာကာ အထုပ်​တွေမလျက် လှည့်ထွက်သွား​တော့ ခြံဝနား​ရောက်ခါနီးမှ တည်ငြိမ်စွာလှမ်း​ခေါ်လာ​သောအသံ​လေးတစ်ခု....

"သုန်သုန်"

မကြားရတာကြာပြီဖြစ်​သော ထိုအမည်နာမ​လေး​ကြောင့် မင်းဝသုန်အလျင်အမြန်ပင် အားတက်သ​ရောလှည့်ကြည့်မိသည်။

"​ပြော​လေ လ​ရောင်"

"ငါ့အတွက်ရှိ​​​နေပေးလို့​ကျေးဇူးတင်ပါတယ်​နော်"

နှုတ်ခမ်းဖျား​လေး​တွေ ​ကော့တက်ရုံမျှ ဖွဖွ​​လေးပြုံးကာ ဆိုလာ​တော့ လူက​ငေးကနဲ။ သို့​သော် ရင်​တွေက​တော့ အရင်လိုပရမ်းပတာ​တွေမခုန်​တော့ပါ​လေ။ ထို​ကောင်​လေးရဲ့ သူချစ်ရသူအ​ပေါ်ထားတဲ့အချစ်​တွေကို မြင်​တွေ့ပြီးကတည်းက ရင်ခုန်သံ​တွေကို ထိန်းချုပ်ခဲ့သည်မို့။ အချိန်တန်လို့များ ထိုလူသားနှစ်​ယောက် ပြန်လည်မ​ပေါင်းစည်းနိုင်ဘူးဆို သူကိုယ်တိုင်​ပေါင်းစည်း​ပေးဖို့အထိ ​တွေးထားခဲ့သည်မို့။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now