Part33

26.8K 1.9K 76
                                    

​နေယံတ​စ်ယောက်အလုပ်ကနေအမောတကော အပြေးလေးပြန်လာပြီး​​ အိမ်သို့ရောက်တော့အောက်ထပ်မှာ ဝက်သားအဖလေးသုံး​ယောက်ကိုမ​တွေ့သည်မို့ အ​ပေါ်သို့တန်းတက်လာခဲ့သည်။

သူ့ဘဝက ကလေးအဖေရယ်လို့ဖြစ်လာပြီးကတည်းက စိတ်ကအိမ်ကိုပဲအမြဲကပ်နေချင်တော့သည်မဟုတ်ပါလား။

"(Baby Shark duu..du...duu ..)2
Baby Shark

(Daddy Shark duu...duu...duuu)2
Daddy Shark

(Papa Shark duu ..duu..duu...)2
Papa shark"

အပေါ်သို့တက်လာပြီး အခန်း​ရှေ့​ရောက်တော့ ကြားနေရ​သောအသံ​ဆာဆာလေးတွေကြောင့်  အခန်းထဲက ဝက်ကလေးသုံး​ကောင် မသိ​အောင်အခန်း​ရှေ့တွင်တိတ်တိတ်​လေးရပ်ကြည့်​နေမိသည်။

အခန်းထဲတွင် ကိုယ်လုံးပေါ်မှန်ကြီးရှေ့တန်းစီရပ်လျက် baby sharkသီချင်းကို ဖွင့်ကာဖင်လုံးလုံး​လေး​တွေလှုပ်လျက် အပြတ်ဒွန့်​နေပါ​သောဝက်​ပေါက်စတို့သားအဖ။ baby sharkနဲ့ကဖို့အကပါတိုက်ထားသည်ထင် တစ်ညီတစ်ညာတည်းကိုကနေကြတာ။ သူပြန်လာတာတောင်မသိကြ။

"ဟားဟား"

နေယံတစ်ယောက် ထိုပေါက်စလေးတွေကိုချောင်းကြည့်ကာ တိတ်တိတ်ခိုးရယ်မိသည်။

ပြီးတော့ က​လေးလေးနှစ်​ယောက်ကထားပါတော့လေ။ က​လေးအဖေလေးက​တော့ သူ့အရွယ်​လေးနဲ့မှမလိုက် ဖင်​လေးတစ်ခါခါ ခါး​လေးတလှုပ်လှုပ်နဲ့ က​လေး​တွေနဲ့အပြိုင် မဟုတ်သေး ကလေးတွေထက်​တောင်အားရပါးရကနေသေးတာ။

ဆိုနေကြတာကလည်း ဘာတဲ့mommy shark လို့ဆိုရမယ့်​အစားသားအဖသုံး​ယောက်လုံးက papa sharkဆိုပြီးတ​လေသံတည်းဆိုနေလေရဲ့။

တခ်ခ်နဲ့​ပျော်​နေလိုက်တာများပါးချိုင့်ဆင်တူ​လေး​တွေကိုခွက်ပြီးထင်းလို့ရယ်။ ဒီလူကိုအချစ်ပိုပြီးစျာန်​လျော​အောင်လုပ်​နေကြသလားမသိ။

"ခစ်ခစ် papa shark ..du..duu..duu..duu duuu

Shark duu...duu...duuu...du..du..papa shark!!"

"ဟိတ်!!"

"အမယ်ယေး!"
"ဟာ!ကိုကို!!"
"ဒယ်ဒယ့်!"

ကနေတဲ့အကဲလေးသုံးယောက်ကို အသည်းယားလွန်းလို့ ကြည့်မနေနိုင်တော့တာကြောင့် သူပြန်ရောက်ကြောင်း အသံပေးကာခြောက်တော့ အလန့်တကြားလေးတွေနှင့်သူ့ထံသို့အာရုံတွေရောက်လာကြလေသည်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Hikayelerin yaşadığı yer. Şimdi keşfedin