Part13

35.1K 2.7K 54
                                    

"လ​ရောင်ကိုယ်အလုပ်သွား​တော့မယ်​နော်"

"ဟုတ်"

မနက်​စော​​​စော အလုပ်သွားခါနီး အရဲစွန့်ကာ ထိုက​လေးငယ်၏အခန်း​လေးထဲသွား၍နှုတ်ဆက်​တော့ အိပ်ရာထကာစမို့ ပွ​ယောင်း​ယောင်း​လေးဖြစ်​နေ​သော ​ကောင်​လေးသည်ပြုံးလျှက်ပြန်​​ဖြေလာလေသည်။

ပြုံးပြလာပါ​သောက​လေးငယ်​လေးသည်စိတ်ဆိုး​ပြေပြီထင်ပါရဲ့။ မျက်နှာ​လေးကိုအကဲခတ်ကြည့်​တော့လည်း အနည်းငယ်ဖောင်း​အစ်နေ​ပေမဲ့ ကြည်လင်​လို့နေသည်။

"ဟို...ကိုယ့်ကိုစိတ်မဆိုး​တော့ဘူးမလား"

"......"

"​လ​ရောင်?"

"စိတ်ဆိုးတယ် ဆိုတာကျွန်တော်နဲ့ကို​နေယံ ကြားမှာမရှိဘူး​လေ။ စိတ်ဆိုးတယ်ဆိုတာချစ်သူရည်းစား​တွေလုပ်တဲ့အလုပ်။ ကျွန်တော်တို့အလုပ်မဟုတ်ပါဘူး။အယ့်တာကြောင့် ကျွန်တော်ဘယ်တုန်းကမှစိတ်မဆိုးခဲ့ဖူးဘူး ဟုတ်ပြီလား။ စိတ်မ​ကောင်းဖြစ်ရုံပဲ"

"အင်းပါ။ လ​ရောင်​ပြောတာမှန်ပါတယ်။ ကိုယ်သွားပြီ​နော်"

မျက်နှာ​တော်​လေးကို အကဲခတ်ကာ ထပ်နှုတ်ဆက်​တော့ ပြုံးပြ​ခေါင်းညိတ်လာသည်။ အရင်လိုတွတ်တီးတွတ်တာ​လေး​တွေမ​ပြော​တော့​ပေမဲ့ နဲနဲ​တော့ပြန်ပြုံးလာခဲ့သည်မို့ ​နေယံနဲနဲစိတ်သက်သာရာရသွားသလို ရင်ထဲ​​ချောင်ကျသွားရသည်။

​နေယံထွက်သွားပြီးမကြာမီပင် လ​ရောင်ထံဝင်လာ​သောဖုန်းတစ်ခု။ ထိုဖုန်းက​တော့တခြားသူမဟုတ် မင်းဝသုန်ထံမှဖုန်းပင်။

"ဟယ်လိုဗိုက်"

ဖုန်းကိုင်လိုက်တာနဲ့ မဝံ့မရဲ ​ခေါ်သံသြရှရှကထွက်လာ​လေသည်။

"အင်း​ ပြော"

"ဒီ​နေ့အိမ်လာလည်လို့ရလား"

"အင်း ရပါတယ်"

"ဟုတ်ပြီ။ နေ့လည်လာခဲ့မယ်​နော်"

"အင်း"

"ဘာစားချင်လဲဗိုက်"

"ဘာမှမစားချင်ပါဘူး"

"အင်းပါ​နေ့လည် လာခဲ့မယ်​နော်။"

"အင်း"

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now