Extra 1

24K 1.6K 137
                                    

"အယ်အမြွှာ​လေးတို့အ​ဖေကချစ်ဖို့​ကောင်းလိုက်တာ"

"ဟုတ်ပါ့​​နော်က​လေး​တွေနဲ့တပုံစံတည်းပဲ"

"ဟုတ်ပါ့။ ပါးချိုင့်​လေး​တွေ​ကအစနော်"

"ဟီးဟီး နေ​တောင်မ​နေတက်​တော့ပါဘူးဗျာ။ အမတို့ကလည်း​မြှောက်​နေပြန်ပါပြီ"

"အို တကယ်ပါဆိုကွယ်"

"ဟီး"

တစ်ယောက်တစ်ပေါက်နှင့် တွတ်တွတ်တွတ်တွတ်ထွက်နေသော ဤအသံလေးတွေကား ယံ​လေးနှင့်​ရောင်​လေးတို့၏ မူကြို မိဘဆရာအစည်းအ​ဝေးတွင်ဖြစ်သည်။ ဆွေးနွေးပွဲအပြီး ဆရာ ဆရာမတွေ အတန်းပြန်ဝင်သွားတုန်း ကျန်နေခဲ့သော ကလေးအမေအဒေါ်ကြီးတွေကြားထိုင်နေရင်း လ​ရောင်တ​ယောက် ရယ်ကျဲကျဲ​လေးနှင့်​ မြောက်ပင့်သမျှကို ပီတိတဖြာဖြာ​နဲ့နားထောင်နေ​ခြင်းပင်။

ဤသည်ကို အခန်း​ထောင့်မှ​နေ ရှူတည်တည်နှင့် စူးစိုက်ကြည့်နေတာကတော့ နေယံပင်။ ကလေးတွေကျောင်းစထားပါပြီဆိုကတည်းက ထိုကလေးအဖေလေးသည် ဆရာမတွေ မိဘတွေကြား သိပ်ဆန်းပွင့်သည်။ ထိုသို့စန်းပွင့်နေတော့ မနေနိုင်တဲ့သူကပါ နောက်ကနေ လင်ယောကျာ်းဆိုတဲ့ ဂုဏ်ကိုပြ၍ ကောက်ကောက်ပါအောင်လျှောက်လိုက်ရသည်လေ။

သူသဝန်တိုသည်။ ဘယ်လိုပဲ ကလေးအမေတွေဖြစ်ပါစေဦးတော့ သူ့ကလေးလေးအနားမှာ ခြင်မ၊ ယင်မသန်းရင်တောင်သူကကြိုက်တာမဟုတ်။ ခုဟာက အလုံးလိုက်အကောင်လိုက်အမျိုးသမီးကြီးတွေဆိုတော့ သူပိုသဝန်တိုရသည်။

ဒါကိုကလေးလေးကမသိ ပါးချိုင့်လှလှလေးတွေကိုဂုဏ်ဖော်လို့ ပြုံးပြလိုက်ရီပြလိုက်လုပ်နေလေရဲ့။

မဖြစ် ထိုကလေးလေးကိုအိမ်ပြန်ခေါ်သွားတော့မှပါလေ။

ထိုသို့တွေးမိပြန်တော့လည်း မိန်းမတွေတရုံးရုံးကြားထဲ သူမသွားချင်။ ထို့ကြောင့်ဘယ်လိုခေါ်ထုတ်ရမလဲ အကြံထုတ်ရပြန်၏။

--------------------------------
"​တောင်"

လ​ရောင် သားသားသူငယ်ချင်းအမေတွေနှင့်စကားပြောနေတုန်း ဖုန်းကMessageဝင်လာတာကြောင့် ကြည့်မိတော့ နေယံ့ဆီမှ။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now