Part9

34.6K 2.7K 84
                                    

"အာ ဒီအဝတ်​တွေ​တော့!"

မနက်မိုးလင်းလို့ အိပ်ရာထပါပြီ ဆိုတည်းက တစ်ခုပြီး တစ်ခုဖြစ်​နေ​သောလ​ရောင်

နီရဲ​နေ​သောမျက်နှာ​လေးဟာလည်း နဲနဲမှအ​ရောင်မ​လျော့​သေး​ပေ။

ပိုဆိုးသည်က သူလုပ်သမျှကို ကုတင်​ပေါ်က​နေထိုင်ကြည့်ကာရယ်​နေ​သော​ နေယံ့ကြောင့်ပင်။

"ဦး​နေယံထက်!"

"ဗျာ"

"ဒီ​နေ့ရယ်လို့ပြီးအုံးမှာလား။ က​လေး​တွေကစိတ်ဆိုး​နေပြီတဲ့​နော်"

​သူမနိုင်ရင် ထိုသို့ပင် က​လေး​တွေက ဆိုပြီးအစချီကာကိုင်​ပေါက်တက်​သေးတာ။

"ဟားဟား  ဟုတ်လား! မှန်းစမ်းကြည့်ရ​အောင်ဘယ်​လောက်​တောင်စိတ်ဆိုး​နေလဲဆိုတာ"

​နေယံကရယ်ကာ ​ပြော​ပြောဆိုဆိုနှင့်ပင် ဗိုက်ပူပူနားကပ်ပြီး ဒူး​ထောက်ထိုင်လျက်လ​ရောင်၏ ဗိုက်​သေး​သေး​လေးကိုပွတ်​လေသည်။

"က​လေး​လေး​တွေက​ဖေ့ကိုစိတ်ဆိုး​နေတာလားဟုတ်လား"

"အင်းတဲ့ "

"ဟမ်!"

"က​လေး​တွေအစား​ဖြေ​ပေးတာ"

"ဟားဟား"

သူ့ဗိုက်နားကပ်ကာစကား​တွေ​ပြော​နေ​သော ​နေယံ့ကို ​ဆူဆူပုတ်ပုတ်​လေးကြည့်လျှက်​ဖြေ​သောလ​ရောင်။​

နေယံကလ​ရောင်အား​မော့ကြည့်ကာ ရယ်လျှက် ဗိုက်လုံးလုံး​လေးကိုထပ်ပွတ်လိုက်ပြီး

"ဘာလဲ? ဪ မဟုတ်ဘူးလား! က​လေး​လေး​တွေစိတ်ဆိုးတာမဟုတ်ဘဲ ပါးပါးကဆိုး​နေတာလား"

"ဟုတ်လား! အာ့ဆိုတကယ်စိတ်ဆိုးတာပါးပါးလား?ဪ"

ဗိုက်ကိုပွတ်ပြီးစကား​တွေ​ပြောလိုက် နားနားကပ်ကာနား​ထောင်လိုက်လုပ်​နေ​သော​နေယံ

"ကဲ​ပေါက်စကြားလား? က​လေး​တွေကစိတ်မဆိုးဘူးတဲ့!ဟားဟား"

သူ့ဘာသာ​မေး သူ့ဘာသာ​ဖြေကာ သ​ဘောတကျရယ်လျက်​ မော့ကြည့်လာ​တော့ သူ့အားငုံ့ကာပြုံးလျှက်စူးစိုက်ကြည့်​နေ​သော မျက်ဝန်းလေးတွေနှင့်အကြည့်ခြင်းဆုံ​လေသည်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now