Part22

28.4K 2.1K 131
                                    

"​ရောင်​လေး​! လ​ရောင်​ရေ! က​လေး​ရေ"

နေယံ မ​နေ့က ​ခေါင်း​တွေ​လေးလာတာ​ကြောင့်နှစ်ခြိုက်စွာအိပ်​ပျော်သွားမိတာ ​နောက်တစ်​နေ့မနက်မိုးလင်းသည်အထိပင်။ နိုးလာ​တော့ မျက်လုံးနှစ်လုံးပွင့်ကတည်းကက ကြင်နာရသူ​လေး၏ ချစ်မျက်နှာ​လေးကိုမမြင်ရ​တာမို့ ရင်ထဲရတက်ကမ​အေးနိုင်။ ထိုက​လေး မ​​​ပြောမဆိုနဲ့​ဘယ်များသွားတာလဲ​လေ။

"တူ တူ.."

အိမ်ထဲလှည့်ပတ်ကြည့်ကာ ရှာ​နေတုန်း ဖုန်းထဲမှ Messageသံ​လေးကြားမိ၍ ကြည့်လိုက်တော့ က​လေး​လေးပို့သည့်message​လေးမို့ အလျင်အမြန်ဖွင့်ကြည့်မိသည်။

'မင်းဝသုန်တို့အိမ်မှာ'

တိုတုတ်လှ​သော ထိုစာတို​လေးတစ်​စောင်​ကြောင့် ရင်ထဲပူ​လောင်ခြင်းကလှိုက်ကနဲ။

"မင်းဝသုန်တို့အိမ်ကိုဘာကိစ္စလဲ?"

တစ်​ယောက်တည်း ​မေးခွန်းထုတ်ကာ ကျုံးဝါးလိုက်ရင်း အဝတ်အစားပင် မလဲနိုင် ကား​သော့​ဆွဲကာ မင်းဝသုန်တို့အိမ်ဘက်သို့ ချက်ချင်းထွက်ခဲ့သည်။ က​လေးငယ်ဟာ ဘာ​ကြောင့်များ ထိုအန္တရာယ်​ကောင်ရဲ့အိမ်ကို တစ်​ယောက်ထဲသွားရဲရပါသလဲ​လေ။

"တီ တီ...!!"

​နေယံ မင်းဝသုန်တို့အိမ်​ရှေ့​ရောက်​တော့ ဟွန်းကိုတရစပ်တီးကာ အ​လောတကြီးဖြစ်​နေမိသည်။ အိမ်​ရှေ့​ရောက်​နေသည့်တိုင် ချစ်ရသူကလေးငယ်ကို ပြန်​ခေါ်ရန်​​လောနေသလို အိမ်ထဲမှ​ကောင်ငယ်​လေးမှာလည်း ​ယောက်ယက်ခက်​နေခဲ့သည်။

"သုန်သုန် ကိုကို​ရောက်လာပြီထင်တယ်။ ငါ ငါ​ကြောက်တယ်။ ငါလုပ်နိုင်ပါ့မလား?ဟင်?ငါ ငါ​..."

"ရှူး!!စိတ်ကို​အေး​အေးထား​လေ။ ​သေချာစဥ်းစား။ ခုချိန်မှာ မင်းဆုံးဖြတ်ချက်ကိုပြင်လို့ရ​သေးတယ်​လ​ရောင်။ မင်းသူနဲ့ပြန်လိုက်သွားလို့ရ​သေးတယ်။ အချိန်မှီ​သေးတယ်။ မင်းသူ့ကိုအဆုံးရှုံးမခံနိုင်ဘူးမလား?"

သူ​ပြော​တော့ ထို​ကောင်ငယ်​လေး၏ မျက်လုံး​လေး​တွေသည် ဂဏာမငြိမ်။ အရူးမျက်လုံး​လေး​တွေသဖွယ်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now