Part27

31.5K 2.2K 115
                                    

နေယံတစ်ယောက် မနက်စောစောစီးစီး မကြည်လင်သလို နောက်ကျိလာသောစိတ်အစုံကြောင့် ရုံးခန်းသို့ဘောက်ဆက်ဘောက်ဆက်တက်လာကာ လက်ပ်တော့ပ်ရှေ့တွင် စိတ်မပါလက်မပါထိုင်နေမိသည်။ တစ်သက်လုံးတည်ငြိမ်လာခဲ့တဲ့စိတ်တွေက ဒီနေ့မှ ဘာကြောင့်ဒီလောက်လှုပ်ရှားနေရသည်မသိ။ တစ်ခုခုကလစ်ဟာနေတာကို သတိထားမိလာသလိုလို၊ တစ်ခုခုကို လိုချင်နေသလိုလို ဖြစ်နေရသည်။

"ဘုန်းမင်း..!"

"ဗျာ..."

ဘာရယ်မဟုတ် အတွင်းရေးမှူးဖြစ်သူကို ခပ်မာမာခေါ်မိတော့ သကောင့်သားက အလန့်တကြားနှင့်အပြေးတစ်ပိုင်းဝင်လာလေသည်။

"အယ့်ယုန်ရုပ်နှစ်​ကောင်!!"

"ဗျာ?ဘယ်ယုန်ရုပ်?"

စိုင်းမဆင့်ဗုံမဆင့်ပြောလိုက်မိသည့်စကားက ရောက်တက်ရာရာဖြစ်နေမှန်းသိသော်လည်းအူလည်လည်လုပ်​နေသော ဘုန်းမင်းကို နေယံစိတ်မရှည်​တော့....

"မနက်ကဝက်ယုန်လို အ​ကောင်​သေးလေးနှစ်​ကောင်ကွာ"

"ဪ...သိပြီ! သိပြီ။ ဘာများဖြစ်လို့လဲမသိဘူး​​ဘောစ့်"

"အင်း...သူတို့နဲ့ပါလာတဲ့ ဟို ဖြူဖြူ​သေးသေးလေ......

အယ့်တာ အယ့်တာ အဟမ်း! သူတို့အ​ဖေလား"

အထစ်ထစ်အငေါ့ငေါ့နှင့်မေးနေသော သူဌေးလုပ်သူကိုကြည့်ကာ ဘုန်းမင်းခိုးရယ်မိသည်။ သိချင်နေတာများ ဖွင့်မမေးဘဲ မြုံပြီးမူနေတာ အမောင်ဘုန်းမင်းတို့သိပါ့။

နှလုံးသားနဲ့သွေးဆိုတာ စကားပြောတက်တဲ့အမျိုးပဲမလား  .........

"ငါမေးနေတယ်လေကွ!!"

"ဗျာ? အယ် ဟုတ် ဟုတ်ပါတယ်​ဘောစ့်"

"အင်း....အယ့်​​ကောင်​လေးကဒီ​နေ့စဝင်မဲ့korea project translater အသစ်မလား"

"ဟုတ်ပါတယ်​"

"အယ့်တာဆို Warning​ပေးထား နောက်အယ့်ဝက်တူယုန်တူ နှစ်​ကောင်ကိုအလုပ်ထဲမ​ခေါ်လာနဲ့လို့"

ထိုဝက်တူယုန်တူတွေကြောင့် သူ့စိတ်တွေနေရထိုင်ရခက်လို့ဆိုတာတော့ ထည့်မပြောဖြစ်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now