Part10

37.6K 2.8K 23
                                    

"သုန်သုန် ငါတိုက်ကားစီးချင်တယ်"

"မင်း! အယ့်လိုမ​ခေါ်နဲ့လို့​ပြောထားတယ်​လေ။ ပြီး​တော့တိုက်ကားဟုတ်လား? ဗိုက်နဲ့တိုက်ကားစီးချင်​နေတာလားမင်းက။တစ်ခါတည်းတိုက်ထည့်လိုက်လို့ ဗိုက်လွင့်သွားမယ်ဘာမှတ်!"

"ဟီး ဟုတ်သား"

ခုမှဇက်က​လေးပုကာ လျှာ​လေးထုတ်လျှက် မျက်နှာချို​သွေး​နေ​သော​ပေါက်စ။သူကဗိုက်နဲ့ တိုက်ကားစီးဦးမယ်ဆိုပဲ...

"ဗိုက်ကို မေ့သွားတယ်။ မင်း​ပြောလို့​ပေါ့​တော်​သေးတယ်။ သုန်သုန် is the best ဟီးဟီး"

"​ခေါ်ပြန်ပြီလား ဒီသုန်သုန်"

"အာ မသိဘူးကွာ နှုတ်ကျိုး​နေပြီမရ​တော့ဘူး"

သူ့ပြော​တော့လည်း စူပုတ်ပုတ်​လေးနှင့်ခွန်းတုန့်ပြန်​လေသည်။

မင်းဝသုန် မကြိုက်ချင်​ယောင်​ဆောင်​နေရ​သော်လည်း ရင်ထဲတွင်​တော့​အူ​တွေအသည်း​တွေယား​နေတာအမှန်ပင်။ သုန်သုန်မ​ပြောနှင့် နာမည်တပ်​ခေါ်ရင်​​​တောင်မကြိုက်​သောသူက လ​ရောင်ရဲ့ သုန်သုန် ​ခေါ်သံ​လေးကို​တော့ သိပ်သ​ဘောကျသတဲ့​​လေ။

"ကိုကို​ရေလွှာ​လျှောစီးချင်တယ်..."

တစ်ဖက်တွင်လည်း​နေယံတစ်​ယောက် Roseနှင့်ကစားကွင်းသို့​ရောက်လာ​လေသည်။ သူ(မ)ကစားကွင်းသွားချင်တယ်ဆိုသည်ကိုလည်းငြင်းလို့မရ။ နာမည်ကြီးတ​စ်ယောက်ဖြစ်သည့် အတွက်အသွားအလာအ​နေအထိုင် ဆင်ခြင်ခဲ့ရသည်မလား။ ထို့​ကြောင့်လည်း တစ်ခါတစ်​လေ လူငယ်ဆန်ဆန်လွတ်လပ်ချင်တာ ဖြစ်သင့်ပါတယ်​လေ။ ခု​တောင်ပူရတဲ့အထဲmaskတပ်ကာ ဦးထုပ်​ဆောင်းထားပြီး ​ဆော့ရဖို့အ​ရေးတက်ကြွ​နေ​သေးတာ။

"ကိုလို့ ​ရေလွှာ​လျှောစီးမယ်ဆို"

"အယ့်တာလူကြီးစီးလို့ရလို့လား ချစ်ရဲ့"

"ရတာ​ပေါ့ကိုကိုရဲ့လာ လာ"

​ရေလွှာ​လျှောစီးဖို့လက်မှတ်ဖြတ်ရန် သူ(မ)​လေးဆွဲ​​ခေါ်ရာ​နောက် ပါလာ​တော့ ​လတ်မှတ်ရုံနားမှာ ဖြတ်ကနဲ​တွေ့လိုက်ရတဲ့ ဖြူလုံး​လေးတစ်​ယောက်

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now