Part7

35.4K 2.7K 24
                                    

"ကျွန်တော်​ကျောင်းသွား​​တော့မယ်​နော်"

"အင်း ကောင်း​ကောင်းသွား။ အပြန်လည်းကားလွှတ်လိုက်မှာမလို့​ စောင့်​နေလိုက်​နော်။ ကားလာမှပြန်"

"ဟုတ် တာ့တာ"

သူ့အားလက်ပြကာ ပါးချိုင့်ခွက်​လေးများ​ပေါ်​နေ​​အောင် ပြုံးပြနှုတ်ဆက်သွား​သောက​လေးငယ်​လေး၏ မျက်နှာသည် အလွန်ချိုမြိန်လှသည်။ ထို​ကောင်ငယ်​လေးအားကြည့်ကာ နေယံဘယ်လိုမှလိုက်မပြုံးဘဲမ​နေနိုင်။ ထို​ကောင်​လေးထွက်သွားပြီး​နောက် မိမိမျက်နှာ​ပေါ်တွင်​တန်ဆာဆင်ခဲလှ​သော အပြုံးတို့ကိုပန်ဆင်​နေမိသည်။ သူကိုယ်တိုင်​​တောင်သတိထားမိမည်မဟုတ်။

လ​ရောင်​ကျောင်း​​သို့ ရောက်သောအခါ ကား​ပေါ်ကဆင်းပြီး အ​ဆောင်ဘက်သို့တစ်​ယောက်ထဲသာ​လျှောက်လာခဲ့လိုက်သည်။ driverဦး​လေးကြီးက အ​ဆောင်ထိလိုက်ပို့​ပေးမည်​ ​​ပြောသော်လည်း ကိုယ်နဲ့သိပ်မရင်းနှီး​သေး​သော သူစိမ်းတစ်​ယောက် အထူးသဖြင့်ကိုယ့်ထက်အသက်အရွယ်ကြီးသူကို ဒုက္ခမ​ပေးချင်တာ​ကြောင့် တစ်​ယောက်ထဲသာ ​လျှောက်လာခဲ့လိုက်သည်။

"ဘုရားရဲ့! အ​မေ့​ရေ!!"

ခလုတ်မတိုက်ရရင် မ​နေနိုင်​သော ကိုယ်​ကြောင့် လမ်း​ပေါ်ကခဲလုံးခပ်ကြီးကြီးတစ်ခုကို တိုက်ဖြစ်​အောင်တိုက်မိ​သေးသည်။ပစ်ကျလဲပြီဆိုပြီး မျက်လုံးကိုမှိတ်ချလိုက်ကာ ဗိုက်က​လေးကို လက်ဖြင့်ကာလိုက်​သော်လည်း ပြုတ်မကျမီ ဖြတ်ကနဲ လှမ်းဆွဲလိုက်​သောလက်၁စုံ​ကြောင့်စိတ်သက်သာရာရသွားသည်။

"ဟူး!တော်ပါ​သေးရဲ့ကွာ"

"အဆင်​ပြေရဲ့လားက​လေး​လေး​တွေ"

သူ့အား လှမ်းဆွဲ​ပေးသူကိုဂရုမစိုက်နိုင်အား ဗိုက်က​လေးပွတ်ကာတစ်​ယောက်တည်း​ရေရွတ်မိသည်။ သွေးသားသေးသေးလေးတွေမို့ အစက်ကလေးကအစ စိတ်ပူ၏။

လ​ရောင်ကို လှမ်းဖမ်းလိုက်​သော​ သူ မင်းဝသုန်မှာ​လည်း ဗိုက်​လေးပွတ်ကာ​ပြော​နေ​သောလ​ရောင်ကိုနားမလည်နိုင်စွာကြည့်လျက်ပင်။

မင်းဝသုန်တစ်ယောက် ထိုကလေးကို တွေ့ခဲ့သည့်နေ့မှစ ယနေ့ထိတိုင် မေ့မရခဲ့လို့ ဟိုသည် စုံစမ်းကာ ထိုကလေး၏ ကျောင်းအထိ လိုက်လာခဲ့ခြင်းသာ။ တက္ကသိုလ်ဝင်း အကျယ်ကြီးတွင် ကောင်လေးကိုတွေ့ရန် တော်တော်လိုက်ရှာရဦးမည်ထင်ခဲ့သော်လည်း ဆိုက်ဆိုက်မြိုက်မြိုက်ကိုတွေ့တာပင်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now