Part12

34.2K 2.8K 86
                                    

"​ပေါက်စပြန်​ရောက်ပြီလား။နောက်ကျတယ်​နော်"

နေယံတစ်ယောက် အခန်းထဲ​ခေါက်တုန့်​ခေါက်ပြန်​​လျှောက်ကာ​မျှော်​မိရင်း ပြန်လာသူ​လေးကိုကြိုဆိုမိသည့်​လေသံကခပ်ဆတ်ဆတ်သာ

"၆နာရီ​လေ"

"​အေးပါ ထားပါ​​တော့။ ပြောစရာရှိတယ်"

"​​ပြောပါဗျ"

"အမယ် ယဥ်​ကျေး​နေပါလား"

"ဟီး...."

မျက်လုံး​လေးများ မှိတ်သည်အထိ ရယ်ပြလာတော့ ပါးချိုင့်​လေးများထွက်လာကာ ဒီရင်ကိုတုန်ခါ​​စေပြန်သည်။ ထိုအခါ​ပြောရမည့်စကားတို့ကတုံ့ကနဲ။

"​ပြောစရာရှိတယ်ဆို"

"အင်း...အယ့်တာ"

သူ​ပြောလာမည့်စကားကို​စောင့်လင့်​နေဟန် မျက်လုံး​လေး​တွေဝိုင်းလို့။

"ငါ့ကို ရိုစ့်ကလက်ထပ်ချင်လို့တဲ့"

သူ​ပြောလိုက်​တော့လည်း ငြိမ်လျက်သာပင် မျက်လုံး​လေးကလယ်ကလယ်နှင့်နား​ထောင်​နေပြန်သည်။

"အယ့်တာမင်း"

"ဝှါး..! ကို​နေယံမိုက်တယ်ဗျား။ congratulations!ခဗျား​တော့​ပျော်​နေ​တော့မှာပဲ။ ဘယ်လိုလဲ ဘယ်လိုလဲ?လက်ထပ်ခွင့်​တောင်းခဲ့ပြီလား။ roကောroရဲ့လား။ မိန်းကလေးတွေက Ro မှကြိုက်တာနော်"

​နေယံ့စကားမဆုံးခင် ရွှင်ပြကာ လက်ခုတ်လက်ဝါးတီးလျှက်​ပြောလာသူ​လေး​ကြောင့်​နေယံ့စိတ်ထဲ ဘဝင်မကျလှ။သူဘယ်လိုမှမ​နေဘူးလားလေ?

"မင်း မင်းတကယ်ဘယ်လိုမှမ​နေဘူးလား"

မ​နေနိုင်စွာ ထုတ်​မေးမိသည့်ထိုစကားက ထစ်ငေါ့စွာ

"ဘာကိုလဲ"

အ​မေးကိုအ​မေးနှင့်တုန့်ပြန်လာသူ​လေးက ပဂတိအဖြူထည်​လေးတစ်​ယောက်လို

"ငါလက်ထပ်တော့မှာကို​လေ။ မင်းခွင့်ပြုတယ်လား"

"ခွင့်မပြုရ​အောင်​ရောင်ကဘာမို့လို့လဲ? ပြီး​တော့​ရောင့်ကို အားနာ​နေစရာမလိုပါဘူး။ ကို​နေယံနဲ့​ရောင်နဲ့က က​လေး​မွေးပြီးရင် က​လေး​တွေရဲ့ဖခင်ဆိုတာကလွဲပြီးဘာမှသက်ဆိုင်​တော့တာမှမဟုတ်တာ။ ပြီး​တော့​ရောင်တို့ကချစ်​နေကြတာမှမဟုတ်တာ။ အယ့်တာ​ကြောင့်​ရောင့်ကိုအားမနာနဲ့! ဟုတ်ပြီလား"

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now