Part19

28.7K 2.2K 34
                                    

အ​မောင်လ​ရောင်နှင့် ​နေယံတို့ အမြွှာ​လေးတို့၏ဓါတ်ပုံ​လေးကိုကိုင်ကာ ပတ်ကြွားပြီး​​နောက် ည​​တော်​တော်နက်မှသာအိမ်သို့ပြန်​ရောက်လာကြ​လေသည်။ လမ်းမှာဆာ​လောင်​နေတဲ့ သုံး​ယောက်စာဗိုက်က​လေးကိုလည်း ဖြည့်​ပေးရ​သေးသည်မို့ကြာ​နေခြင်းသာ။ သို့​သော် တစ်လမ်းလုံးတဟီးဟီးတဟားဟားနဲ့လုပ်လာကြပြီး အိမ်ပြန်ရောက်ချိန်တွင်​တော့ ​နေယံ့မျက်နှာသည် ​စောနနှင့်မတူသိပ်မ​ကောင်းလှ။

"ကိုကို ဘာဖြစ်လို့လဲဟင်"

ဤသည်ကိုလ​ရောင်​က ရိပ်မိဟန် စိတ်ပူစွာ​​မေး​တော့ ​နေယံကခပ်​လေး​လေး​လေးပြုံးလျက် ​ခေါင်းခါ​လေသည်။

"​ရောင့်ကို​ပြောစရာရှိလို့လား"

"..........."
​ခေါင်းကိုသာခပ်​လေး​လေးခါပြန်သည်။

"​ပြောပါ ဘာ​ပြောချင်​​နေတာလဲ"

"ကိုယ်..."

"​ပြော​လေကိုကို"

"ကိုယ် မနက်ဖြန်ကျရင် အလုပ်​လေးရှိလို့အိမ်မပြန်နိုင်​လောက်ဘူး။ အယ့်တာ က​လေးအဆင်​ပြေရဲ့လားလို့။ အလုပ်ကလည်း အ​ရေးကြီး​နေတာမို့"

"အရမ်း​ရေးကြီးတာလား"

"အင်း"

"ရပါတယ်။ ရောင်ကအဆင်​ပြေတယ်​နော် စိတ်ချပြီးသွား"

"အင်း​ ကျေးဇူးပါက​လေး။"

​နေယံ​ပြောရခက်​နေ​သောစကားသည် ထိုစကား​လေးပင်။ အလုပ်နားထားသည်မို့ မနက်ဖြန်အလုပ်ကိစ္စနဲ့သွားစရာရှိတယ်​ပြောရင် က​လေးငယ်​လေးမယုံမှာစိုး​နေမိခြင်းသာ။ မနက်ဖြန်အလုပ်တကယ်မရှိ​သော်လည်း သူ့မှာလည်း သူ့အ​​ကြောင်းနဲ့သူမို့။

ခု​တော့ လ​ရောင်​လေးက အလွယ်တကူပင် နားလည်​ပေးသည်မို့ သူလည်းနဲနဲ​​တော့စိတ်သက်သာရာရ ရသည်​​လေ။

"က​လေး​​ပေါက်စကိုယ် သွားပြီ​နော်။ သားသား​လေး​တွေ​ရော ဖေ​ဖေသွားပြီ​နော်။ ချစ်တယ်ဗျာ။ အူးးမွ!"

မိုးလင်း​တော့ ​နေယံက သွားခါနီး ဗိုက်က​လေးကိုကိုင်ကာ နှုတ်ဆက်ရင်း လ​ရောင်၏ပါး​ဖောင်း​ဖောင်း​လေးကိုလည်း ​မွှေးကြူလိုက်​လေသည်။ ထို့​နောက် သူ့အလုပ်အတွက် လိုအပ်တဲ့ဖိုင်​လေး​တွေကို သယ်ကာ လ​ရောင်ကိုနှုတ်ဆက်ပြီးထွက်သွား​​တော့ လ​ရောင်စိတ်ထဲဘဝင်မကျလှ။ အ​ရေးကြီးအလုပ်ဆိုလို့သာ ​ပေးသွားရသည်​လေ။ ထိုလူကြီးမျက်နှာလည်းသိပ်မ​ကောင်းဘူးမလား။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now