Part17

31.4K 2.3K 39
                                    

"မားမား ဖက်ထုပ်က ပါဆယ်လဲဆွဲချင်တယ်။ ထပ်လည်းစားချင်​သေးတယ်ရယ်။ ရောင်​ရောင်​လေးကမဝ​​သေးဘူး။ ဟီးဟီး..."

"မား ဖက်ထုပ်ကအရမ်း​ကောင်း​တော့​လေ ​ရောင်ကအမြဲပဲစားချင်​နေ​တော့တာ။"

"ဗိုက်ထဲကအမြွှာ​လေးတို့ကလည်းကြိုက်ကြတယ်တဲ့ ​​နော်...."

"Yes yes yes...!"

"​ဟော့ ကြားလား ကြားလား ​ဖြေ​နေကြတယ် ဟီဟီ..."

သူ့ဗိုက်​လေးသူပွတ်၍ တစ်​ယောက်ထဲ​မေးကာတစ်​ယောက်တည်း​ဖြေရင်း တခစ်ခစ်လုပ်​နေ​သောလ​ရောင်ကိုကြည့်ကာ သူတို့တစ်မိသားစုလုံး သ​ဘောတကျရယ်မိကြသည်။ ပါးစပ်ထဲမှာလည်း ဖက်ထုပ်​တွေကအပြည့်နှင့် ပါးနှစ်ဖက်လုံး​ဖောင်း​အောင် ထည့်ထား​​သေးသည်။ မိုးလင်းထဲက မာမားဖက်ထုပ်စားချင်တယ်ဆိုပြီး လင်လင်နှစ်​ယောက်​ရောက်ချလာကြတာ။ ​ရောက်ကတည်းကလည်း တသွပ်သွပ်စား​နေတာ ခုထိမရပ်​​သေး​ပေ။

"မား ​ရောင်မားကို​မြှောက်ပြီး လာဘ်ထိုး​နေတာ​နော်။ ​ရောင့်ကိုများများကြီး ထပ်​ကျွေးဦး။ ပါဆယ်လည်း များများထည့်​​ပေး"

"ဟားဟား....ဟုတ်ပါပြီ ကို​ရောင်ထုပ်ရယ်။ငါ့နှယ် တကယ်ပါပဲ"

မားကရယ်လျက်​ပြော​တော့​ရောင့်မျက်နှာ​လေးစူပုတ်သွား​လေသည်။ ဘာကိုအလိုမကျဖြစ်ပြန်တယ်မသိ။

"မားကလည်း​ ရောင်ထုပ် ကဘာကြီးလဲဗျာ"

"ဪ ဖက်ထုပ်ကြိုက်တဲ့​ရောင်​ရောင် ဆို​တော့​ရောင်ထုပ်​ပေါ့က​လေးရဲ့"

"ဟွန်း...မရပါဘူး​နော်။ ဒါဆို ကိုကိုနဲ့မမလည်းကြိုက်တာပဲဟာ။ အယ့်တာ​ကြောင့် ကိုကို့ကို နေထုပ် မမကိုကြယ်ထုပ်။ သူတို့ကိုလည်း အယ့်လို​​ခေါ်။ ​နော် မား​နော်။ဟီးဟီး...ရောင်တစ်ယောက်ထဲ​တော့​ရောင်ထုပ်အဖြစ်မခံနိုင်ဘူး​လေ​နော့်"

"​အောင်မယ် ​အောင်မယ် ဝက်ကများ"

"ဟုတ်ပါ့"

လ​ရောင်ကသူ့အကိုနှင့်အမကို ​စောင်​စောင်​လေးကြည့်ကာစ​တော့ လင်း​နေနှင့်ကြယ်စင် ကလည်းပြန်စ​လေသည်။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now