1:lovely friend

4.6K 282 3
                                    

"ဟူး........"

"ဟင်း........."

ဘယ်နှခါမှန်းမသိသော သက်ပြငိးများကို ဘယ်နှကြိမ်မှန်းမသိအောင်ပင် ချမိနေလေသည်။
Air-con ဖွင့်ထားသော ကားထဲတွင် တယောက်တည်း ချွေးသီးချွေးပေါက် များပင်ကျနေမိသည် ။ဘယ်အရာတွေက သူ့ကိုဒီလောက်အပူတပြင်းဖြစ်စေမှန်း 'လင်းအံ့မင်း' ဆိုသော သူကိုယ်တိုင်ပင် မသိတော့။

ကားတံခါးဖွင့်လိုက် ပိတ်လိုက်၊ လမ်းလျှောက် လိုက် ကားထဲပြန်ဝင်လိုက်ဖြင့် အနားနားတွင်ခွေးတစ်ကောင်ရှိပါက ကျိန်းသေ ထကိုက်မည်ပင်။
တီးတိုးရေရွတ်နေမိသည်က

"ဒီချိန်ဆို...သူတိုနှစ်ယောက်ဘာတွေဖြစ်နေကြပြီလဲ.......ချစ်သူတွေများ...ဘုရား...ဘုရား....."

&&&&&&&&&&&&&&&&&
တိတ်ဆိတ်၍ အေးချမ်းလှသော Restaurant တစ်ခုတွင် ဇွန်းသံ၊ပန်းကန်သံမှလွဲ၍ စကားတစ်ခွန်း မျှပင်မပြောမိကြ။ မိမိရှေ့တွင် မိမိအားလျစ်လျူရှူကာ ဂရုတစိုက်ညနေစာစားနေသော 'ချစ်ရိပ်' အား 'သွေးသစ်' တစ်ယောက်စိတ်မရှည်စွာ ​ကြည့်နေမိသည်။သူဘယ်တုန်းက အဲ့လောက်စကားနည်းသွားရတာလဲ ဟု တွေးနေမိရင်း စကားစလိုက်သည်

"ချစ်ရိပ်..."

"ဟင်.."

"ငါတို့ဒီကိုညနေစာစားရုံသက်သက် လာတာမဟုတ်ပါဘူးနော်... ??.."

"Sorry ပါ... သွေးသစ်ရယ်.. ငါဘယ်ကစပြောရမှန်းမသိလို့.."

"နင်ဘာပြောရမှန်းမသိရင်...ငါပြန်ပြောပေးရမလား..ငါတို့ဘာကြောင့်ဒီကိုလာတယ်ဆိုတာ..."

    ထိုအခါမှ ချစ်ရိပ်က လက်ထဲက ဇွန်းနဲ့ခက်ရင်းကိုချကာ
"ရပါတယ်...ငါ..ငါ..နင့်ကိုတခုလောက်မေးလို့ရမလား?..."

"မေးလေ..."

"နင်ငါ့ကိုတကယ်..ချစ်တာလား??...သွေးသစ်..."

"အဲ့မေးခွန်း.. နင်ငါ့ကိုဘယ်နခေါက်မေးမှာလဲ...ချစ်ရိပ်..."

"ငါမေးတာသာဖြေပါ.!......"

"နင့်ကိုငါ ငယ်ငယ်တည်းက..ချစ်ခဲ့တာနင်လည်းသိတာပဲ..အရင်ကလည်းချစ်တယ်..အခုလည်းချစ်တယ်.. နောင်လည်းနင့်တစ်ယောက်တည်းပဲချစ်သွားမှာ....ဟုတ်ပြီလား...ကဲပါ... နင်ငါ့ကိုအဖြေပေးမယ်ဆို..ပေးတော့လေ...ငါ့ရင်တွေအရမ်းခုန်နေပီဟ.."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now