19: Love💘

1.5K 146 9
                                    

(Unicode)

'အချစ်' ဆိုတာ သွေးသစ် အတွက် ပျော်စရာတစ်ခုရယ်လို့ သတ်မှတ်ထားခဲ့မိသော်လည်း ချစ်ရိပ်ချိုနှင့်တွေ့မှ ဘဝမှာ ပထမဆုံးအကြိမ် ငြင်းပယ်ခံရခြင်း ဟူသော ခံစားချက်တစ်ခုကို ခံစားဖူးခဲ့ပြီ။ ခံရခက်ခဲ့သည်။ ဒါကိုပဲ အချစ်လို့ခေါ်ကြသည်လား?။ ဘာလို့ငြင်းခဲ့တာလဲဆိုသော အကြောင်းပြချက်ကိုတော့ မေးစရာမလိုတော့၍ မမေးဖြစ်တော့ပေ။

"သွေးသစ်...မင်းဒီနေ့..အတန်းပြီးရင်..ဘယ်သွားစရာရှိလဲ?..."
"မရှိပါဘူး...ဘာဖြစ်လို့လဲ.. နေခန့်..."
"ငါနဲ့အဖော်လိုက်ခဲ့ပါလား...ငါ့ကောင်မလေးရှိတဲ့..chemistry ဘက်သွားမလို့...."
"မလိုက်ချင်တော့ပါဘူး...ကွာ.."
"လိုက်ခဲ့ပါဆိုမှ...ငါ့ကောင်မလေးနဲ့..မိတ်ဆက်ပေးမလို့..ဟိုနှစ်ယောက် တောင်မသိသေးဘူးနော်...မင်းကို..ဦးဆုံးမိတ်ဆက်ပေးချင်လို့...လိုက်ခဲ့ပါကွာ...."
"............."

နေခန့်ကောင်မလေးကို မည်သူမည်ဝါမှန်း တစ်ယောက်မျှ မသိကြ။ သူကလည်း မိတ်မဆက်ပေးသလို တွေ့လည်းမတွေ့ပေး။ ဆုနှင့် ဝဏ္ဏဇော်တို့ စောစောစီးစီး အတန်းလစ်သွားသောနေ့မှ နေခန့်ကအဖော်ခေါ်တော့ သူ့ကောင်မလေးကို အမှန်ပင်သိချင်၍ မငြင်းသာပဲ လိုက်ခဲ့လိုက်တော့သည်။

Department of Chemistry ကိုရောက်ခဲ့ပြီ။ နေခန့် သူ့ကောင်မလေးကို ဖုန်းဆက်ကာခေါ်နေသည်။
"ခဏတော့စောင့်ရမယ်..သွေးသစ်...practical ခန်းဝင်နေတယ်တဲ့...."
"အင်း..."

ထိုအချိန် ဌာနဝင်ပေါက်မှ ပြုံးရယ်စွာထွက်လာသော ချစ်ရိပ်ကို တွေ့လိုက်ရသည်။ သူမ တစ်ယောက် တည်းမဟုတ်ပေ။ ဘေးတွင် ခပ်ဖြောင့်ဖြောင့် ကောင်လေးတစ်ယောက် ပါလာပြီး သူမနှင့် တရင်းတနှီး ရယ်လိုက်မောလိုက်ဖြင့် စကားများပြောနေသည်မှာ ကျွန်တော့်ကိုပင် မြင်ဟန်မတူ။

သို့သော် ထူးဆန်းသည်က ကျွန်တော်ပင်။ အမှန်ဆို ချစ်ရိပ်ချိုဟူသော မိန်းကလေးက ကျွန်တော်ချစ်၍ အဖြေတောင်းခဲ့သော မိန်းကလေးမဟုတ်လား။အနည်းဆုံးတော့ သူမ အခြားကောင်လေးတစ်ယောက်နှင့် ဤမျှ ရင်းနှီးပြီး ဖလှဲတကင်းနေသည်ကို မြင်လျှင် ဒေါသထွက်ရင်ထွက် သို့မဟုတ် မနာလိုမှု၊ သဝန်တိုမှု စသော ခံစားချက်တစ်ခုခုကို ခံစားမိရမည်လေ။ ယခုတော့ ကျွန်တော့်ရင်ဘတ်ထဲတွင် သဝန်တိုဖို့နေနေသာသာ ဗလာအတိဖြစ်နေသည်ကို ကိုယ်တိုင်ပင် နားမလည်နိုင် ။ သူမငြင်းလိုက်သည့်နေ့ကစ၍ သူမနှင့်ပတ်သက်သော အကြောင်းအရာအားလုံးက ဦးနှောက်ထဲတွင် ခံပြင်းမှုမှ လွဲ၍ ဘာဆိုဘာမျှ မရှိသည်ကိုတော့ သတိထားမိသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now