12: Missing boy

1.4K 139 5
                                    

(Unicode)

"ကိုလင်း...ကိုလင်း...ရှေ့မှာလူရှိတယ်လေ..တိုက်မိတော့မှာပဲ......."

စိတ်ကိုပြန်လည်စုစည်းကာ handle ကိုပြန်လှည့်လိုက်ရသည်။ သွားလာစားသောက် နေရပေမယ့် လူကစိတ်နှင့်လူနှင့်မကပ် ။ လွမ်းသည်၊သတိရသည် ဆိုသည်ထက် သူလေးကို စိတ်ပူသည်။

"ကိုလင်း...သွေးသစ်...ဘာဖြစ်လို့လဲ.. မသိဘူးနော်...ဒီနေ့နဲ့ဆို...ကျောင်းမတက်တာ..သုံးရက်တောင်ရှိသွားပြီ...အိမ်ကလည်းသော့ခတ်ထားတော့...ဟင်း......."

ချစ်ရိပ် သည်ပင် သွေးသစ် အတွက် စိတ်ပူနေရှာပြီ။ ကျွန်တော်ဆိုလျှင်တော့ ပြောပြစရာ စကားပင်ရှာမရ။ ဟိုနေ့ကစလို့ သွေးသစ်ကိုမတွေ့ရတော့သည်မှာ သုံးရက်ပင်ရှိလေပြီ။ အိမ်တွင်လည်း မည်သူမျှမရှိ။ သွေးသစ်အဖေပင် ပြန်လာသေးပုံမရ။ သူကလေး အခြေအနေကရော ဘယ်လိုလဲ? နေကောင်းရဲ့လား?တော်တော်များဖြစ်နေလို့လား? အနည်းဆုံး တော့ အခြေအနေတစောင်းတစေ့ မျှ  သိချင်မိ။ ဘာတစ်ခုမျှ သိအောင် မစွမ်းဆောင်နိုင်သော မိမိကိုယ်ကိုယ်ပင် အားမလိုအားမရ ဖြစ်ရသည်။

"လူရှင်းပြီဆိုတော့..ချစ်ရိပ်..စက်ဘီးပေါ်..တက်လိုက်တော့မယ်နော်....."
"............"

ထုံးစံအတိုင်းပင် ကျွန်တော်တို့နှစ်ယောက် ကတော့ ကျောင်းသွားကျောင်းပြန် စက်ဘီးတစ်စီးဖြင့်ပင်။

သွေးသစ်ရယ်...ကို့အနား..အမြန်ဆုံးပြန်လာပါ....မင်းဘယ်မှာ..ဘာတွေဖြစ်လို့...ဘာတွေလုပ်နေတာလဲ ကွာ....ကို့..ကိုရောမေ့နေပြီလား...အဲ့နေ့က...sweet time.. လေးကိုရော..မင်းသတိမှရပါလေစ...ကလေးရယ်...နေရောကောင်းရဲ့လား..ကွာ..

"အိုး......... " ဟူ၍ ချစ်ရိပ် ၏ လက်ကလေးများ ကျွန်တော့်ခါးကိုလာဖက်ကာမှ အသိပြန်ဝင်သွားသည်။

'သြော်..ဟိုတနေ့က.. နေရာပဲ...'ဟု စိတ်ထဲမှ သတိထားမိသည်။သို့ပေမယ့် ထိုနေ့ကအပြုအမူလိုတော့ မလုပ်ဖြစ်။ သွေးသစ်ကို သတိရသော စိတ်များကိုသာ ပိုတိုးလာစေသည်။

ခဏကြာတော့ ချစ်ရိပ် လက်ကလေးများ ကျွန်တော့်ခါးမှ ဖြေလျော့သွားသည့် တိုင်အောင် ကျွန်တော် စကားတစ်ခွန်းမျှ မပြောပဲ တိတ်ဆိတ်နေမိသည်။သူမ သည်လည်း တိတ်ဆိတ်ကာသာ လိုက်ပါလာခဲ့လေသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now