6:လူရှုပ်ကလေး

1.8K 180 19
                                    

(Unicode)

"ဒီမှာရှင့်........အကို... ..ဒီမှာရှင့်....."

နောက်ဘက်မှ ခေါ်သံတစ်ခုကိုကြားရသော်လည်း မိမိကိုခေါ်ခြင်းမဟုတ်ဟုထင်၍ လှည့်မကြည့်ဖြစ်ဘဲ ရှေ့သာဆက်လျှောက်မိတော့

"ဒီမှာရှင့်....ကိုလင်းအံမင်း......"

မိမိနာမည်ကြားမျှသာ လှည့်ကြည့်မိလေသည်။
အဖြူအစိမ်းဝတ်ထားသော ခပ်ပိန်ပိန် သွယ်သွယ် ကောင်မလေးတစ်ယောက် ဆံပင်ရှည်ရှည် လေးနှင့်
မျက်နှာစိမ်းတစ်ယောက်ဖြစ်ပေမယ့် မိမိကိုသိနေသည်မှာတော့ ထူးဆန်းလှ၍

"ငါ့ကို..ခေါ်တာလား?....."

"ဟုတ်ကဲ့!..... အကို့ကိုခေါ်တာပါ....."

"What's up?......"

"ညီမနာမည်က..လဝန်းပြာ..ပါ..မနှစ်က..သွေး..နဲ့တွဲခဲ့ဖူးတဲ့..ကောင်မလေးပါ!..."

သူမ ပြောသည်ကိုကျွန်တော် နားမလည်ဟန်ပြမိတော့
" သွေး..ဆိုတာ..သွေးသစ်စ... ကိုပြောတာပါ ..အကို....သူနဲ့ ညီမကတစ်နှစ်ပဲတွဲပြီး...သူ့ဘက်က..နောက်တစ်ယောက်ထပ်ထားလို့....ညီမတို့ပြတ်သွားတာပါ...."

ကျွန်တော်မသိလိုသော သွေးသစ်ရဲ့အချစ်ရေး ကိစ္စ ကို ဘာကြောင့်များ တကူးတကခေါ်ပြောပါလိမ့် ဟုတွေးမိရင်း
"အဲဒီတော့......." ဟူ၍ ခပ်ပြတ်ပြတ်ပင်မေးမိသည်။

"အကိုက..ညီမတို့ကျောင်းကို..ဒီနှစ်မှပြောင်းလာပေမယ်...သွေးနဲ့..အရမ်းရင်းနှီးတယ်လေ...သူပေါင်းနေကျသူငယ်ချင်းတွေနဲ့တောင်...သူကသိပ်ရောရောနှောနှောနေတာ..မဟုတ်ဘူးလေ...အကိုနဲ့ကျတော့...ဖလှယ်တကင်းနေတော့......." ဟူ၍ စကားစကိုဆွဲကာ ဘာပြောချင်မှန်းမသိအောင် ကွေ့လည်ကြောင်ပတ် လုပ်နေသောကြောင့် ထုံးစံအတိုင်း ဘီလူးဆိုင်းတီးရသည်ပင်

"ဒီမယ်...မင်းဘာပြောမှာလဲ......အချိန်ကိုကြည့်....ကျောင်းနောက်ကျရင်..မင်းငါ့အစား...အရိုက်ခံမလား........"ဟူ၍ ပြောချလိုက်တော့မှ မယ်မင်းကြီးမက

"ရှင်....ဟိုလေ..ညီမမေးချင်တာက..သွေး..ကျောင်းလာတာမတွေ့သေးလို့....အဲ့ဒါသူဘာများဖြစ်လို့လဲလို့...."

ပြဿနာပဲ.. ငါတောင်ဘာကြောင့်မလာမှန်း မသိတာကို... လာမေးနေတယ် ခက်ပြီ... ဟုတွေးကာ ဘုကလန့်ပီပီ

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now