5: မင်းအတွက်ဆိုရင်

1.8K 189 24
                                    

(Unicode)

"တီ..တီ..တီ..တီ........တီ..တီ...တီ..တီ.."

ကုတင်နံဘေးမှ နှိုးစက်သံကြောင့် မျက်လုံးများမဖွင့်ချင်ဖွင့်ချင် ဖွင့်ကာ ထပိတ်လိုက်ရသည်။
အချိန်က ၅ နာရီ စွန်းစွန်းသာရှိသေးသည်။ မထချင်လည်းထ မနိုးချင်လည်းနိုးရပေပြီ။ ထိုလူသားအတွက်ပင်...

သွားတိုက် မျက်နှာသစ်ပြီးအောက်ထပ်သို့ ဆင်းအလာ..
" သား..စောစောစီးစီး နိုးနေပါလား....ဘယ်သွားမလို့လဲ?..ပြင်ဆင်ပြီး..."

မေမေ့အမေးကိုတော့
"အပြင်ခဏပါ...မေမေ...မနက်စာစားဖို့မစောင့်နဲ့တော့နော်...ဖေဖေမေးရင်..သားအိပ်နေတယ်လို့ပြောလိုက်မေမေ...သွားပြီနော်..."

စက်ဘီးတစ်စီးနှင့် အပြင်ကိုအမြန်ထွက်ခဲ့သည်။အချိန်ကြည့်လိုက်တော့ ၅နာရီ ခွဲနေပေပြီ။မှီပါ့မလား...စိတ်ထဲမှတွေး၍ သုတ်ခြေတင်ကာ အရှိန်ဖြင့် မြန်မြန်ပင်နင်းခဲ့သည်။

လမ်းအကွေ့တစ်ခုအရောက်...
"ဒုန်း...!!!!.."

စက်ဘီးနဲ့ လူနဲ့တခြားဆီဖြစ်သွားသည်။ ကံကောင်းသည်က ကားကအရှိန် သိပ်မပါ၍သာ၊ ကားထဲမှ အန်တီကြီး တစ်ယောက်ထွက်လာသည်။

"ရရဲ့လား..ကလေး...မင်းကအရှိန်နဲ့နင်းတာကိုးကွယ့်....အန်တီ့ကားက အရှိန်သိပ်မပါလို့...တော်သေးတာပေါ့.....ဘာဖြစ်သွားသေးလဲ?.... "

မှန်ပါသည်။ ကိုယ့်အပြစ်နဲ့ကိုယ့်မို့ ကျွန်တော်ဘာမျှမပြောသာပဲ စက်ဘီးကိုသာ အမြန်ပြန်ထူလိုက်ကာ လူကတော့ မနည်းထလိုက်ရသည်။
"ရပါတယ်!...အန်တီ...ကျွန်တော်တောင်းပန်ပါတယ်... ဘာမျှ မဖြစ်ပါဘူး..အန်တီ..."

လက်မှနာရီကိုကြည့်မိတော့..'အိုး..၅နာရီ ၄၅ ရှိနေပြီ' နောက်ကျမည်စိုး၍
"သွားလိုက်ပါဦးမယ်..အန်တီ..." ဟု မြန်မြန်ပင် နှုတ်ဆက်ကာ ထော့နဲ့ ထော့နဲ့ဖြင့် စက်ဘီးကို ပြန်နင်းကာ လာခဲ့မိသည်။

ရောက်ပေပြီ။ ကျွန်တော်အပြေးနှင်ခဲ့ရသော ထိုဆိုင်
'မြောင်းမြ ဒေါ်ချို မုန့်ဟင်းခါး'

ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်ထွက်လာကာ ဘာယူမလဲ မေးတော့မှ၊ မမေ့အောင် စာကျက်သလိုတစ်လမ်းလုံး တတွတ်တွတ်ဆိုခဲ့တာလေးကိုရွတ်ပြရလေသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now