23:အချစ်မီး🔥

1.8K 142 4
                                    

(Unicode)

အချစ်၏ သွေးဆောင်ညှို့ငင် ရာကို လိုက်လာခဲ့မိကြသော ထိုသူနှစ်ဦး၏အချစ်သည် သာယာမည်လား??

ကျေးငှက်များတွန်ကျူးကာ ကောင်းကင်တစ်ခွင်မြူတိမ်ကင်း၍ ထွက်ပြူစ ပြုလာပြီဖြစ်သော နေမင်း၏ ကလူကျီစယ်မှုကြောင့် သူ့မျက်လုံးများပွင့်လာရသည်။မျက်လုံးပွင့်ပွင့်ချင်း မြင်ရသည်က သူ၏အခန်းပင်။ယခင်လို ပစ္စည်း အကောင်းစားများနှင့် အလှဆင်ထားခြင်းမရှိသော်လည်း ဒီအခန်းလေးက သူ့အတွက်တော့ နွေးထွေးမှုပေးသည်မှာ အမှန်ပင်။ကုတင်လေး၏ ဘေးရှိစားပွဲတင်နာရီမှ အချိန်ကိုကြည့်မိတော့ 'အိုး..သူနောက်ကျတော့မှာပဲ..' စိုးရိမ်စိတ်များဖြင့် လှမ်းလာခဲ့သည်က အိမ်ရှေ့ခန်းသို့

မျက်တောင်ရှည်ရှည်ကလေးများ ကော့စင်းကာ ကြည့်လေကြည့်လေ ခန့်ညားလာလေဖြစ်သော သူ၏တစ်ဦးတည်းသောသူ။ဖြစ်နိုင်လျှင် သူဒီအချိန်လေးကိုပင် ရပ်တန့်ထားချင်မိသည်။ အနည်းဆုံးတော့ ချစ်ရသူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မြင်ကွင်းလေးကို အနီးကပ်မြင်နေရသည်လေ။

"ကို..ထတော့လေ..၆နာရီခွဲတော့မယ်...နောက်ကျနေဦးမယ်နော်...ကို..ကို..ထတော့လို့..."

သူ မနက်တိုင်းအချိန်မှန် နှိုးစက်ဖြစ်နေရပြီ။အိပ်ပုတ်ကြီးသော ချစ်ရသူကို ပိုင်ဆိုင်ထားရတော့လည်း

အနားတွင် သာလိကာလေးတစ်ကောင်နှယ် တတွတ်တွတ် ပြောကာ နှိုးနေတတ်သော သူကလေးကြောင့် သူလည်းနိုးနေပြီပင်။ သို့သော် သူကလေးဆီမှ အရာတစ်ခုကို သူမျှော်လင့်နေမိသည်။ စိတ်ချင်းနီးနေသူများဖြစ်ကြ၍ မကြာမီပင် သူမျှော်လင့်နေသော အရာတစ်ခုက နှုတ်ခမ်းဖျားဆီသို့ ရောက်လာသည်။

"Morning kiss...နော်..ကို..ထတော့..နိုးနေတာသိတယ်နော်...မထသေးရင်..ရေနဲ့မျက်နှာနဲ့မိတ်ဆက်သွားမယ်...ဟင်း.."

'ဘယ်လိုတွေတောင်..ချစ်စရာကောင်းနေရတာလဲ..ကလေးရယ်...' စိတ်ထဲမှရေရွတ်မိကာ ဇွတ်မှိတ်ထားသော မျက်လုံးများကိုဖွင့်လိုက်တော့ အပြုံးချိုချိုလေးတစ်ခုကလည်း ကြိုဆိုနေသည်။ပြုံးနေချိန်ပေါ်လာတတ်သော သွားတက်လေးများက သူ့ကိုအမှန်ပင် အသည်းယားစေသည်။
"အား...... "

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now