14: ဥပေက္ခာ

1.4K 143 3
                                    

(Unicode)

"ဘယ်လို... သွေးသစ်...နင်ကငါ့ကိုချစ်တယ်...."

"ဟုတ်တယ်...ငါမျိုသိပ်မထားချင်လို့...နင့်ကိုဖွင့်ပြောတာ...."

"ဒါဆို...ငါ့ကိုနင်ချစ်တဲ့အကြောင်း... ဖွင့်ပြောရုံပဲပေါ့.....အဖြေရော...မတောင်း​တော့ဘူးလား...."

"လောလောဆယ်... နင့်အဖြေကို..ငါမတောင်းချင်သေးဘူး....ငါတို့ဆယ်တန်းအောင်မှ...နင်ငါ့ကိုအဖြေပေးလေ....."

"ကောင်းပြီလေ...ငါတို့ဆယ်တန်းအောင်တော့မှ.. နင့်ကိုငါအဖြေပေးမယ်....အဖြေပေးမယ့်နေ့ကိုလည်း...ငါပဲသတ်မှတ်မယ်...ဘယ်လိုလဲ...."

"ရတယ်လေ...နင့်သဘောပေါ့......"

"ဒီကြားထဲမှာ...ငါအဖြေပေးချင်အောင်လည်း...နေဦးနော်...ရှုပ်ရှုပ်ယှက်ယှက်တွေ...သိပ်မလုပ်နဲ့......"

"အေးပါ........"

ကျွနိတော့်ရင်ထဲမှ ခံစားချက်များ လျော့ပါးသွားစေရန် ချစ်ရိပ်ကို အမြန်ပင် ဖွင့်ပြောလိုက်မိသည်။ သူမ ဘက်ကလည်း ကျွန်တော့်ကို မငြင်းလိုက်ပဲ လက်ခံလိုက်သည်လေ။ အမှန်ဆို ကျွန်တော်ကိုယ်တိုင် ချစ်ရိပ်ကို ချစ်သည်ဟု လေးလေးနက်နက်ခံစားပြီးပြောလိုက်၍ ကျွန်တော့်ရင်ထဲမှ ခံစားချက်များ လျော့ပါးသွားရမည် မဟုတ်လား။ အခုတော့ စိတ်က လေးလံ နေသေးသည်။ ဘာအတွက် လေးလံလို့ ဘာအတွက် ခံစားနေရမှန်း ကိုယ်ကိုတိုင်ပင် နားမလည်နိုင်။

ချစ်ရိပ်အား ဖွင့်ပြောရန် သူမအိမ်သို့ တကူးတကသွားခေါ်ကာ ကျွန်တော်ကိုယ်တိုင်ပင် အပြင်သို့ ခေါ်ထုတ်လာခဲ့သည်လေ။ ထူးဆန်းသည်က ကျွန်တော်ဖွင့်ပြောလိုက်၍ ချစ်ရိပ်အံ့သြသွားလိမ့်မည် ဟုထင်ခဲ့သော်လည်း သူမကတော့ အေးအေးဆေးဆေးပင် ။ သူကြိုများ သိနေတာလား....မဖြစ်နိုင်တာ......

ပေါ့ပေါ့ပါးပါးပင် ဖွင့်ပြော၍ အိမ်အပြန်

"ငါအိမ်မပြန်ချင်သေးဘူးဟာ.....ကိုလင်းအိမ်မှာ... စာသွားလုပ်ရအောင်...နော်...."

"စာအုပ်တွေမှ...မပါပဲ....."

"ဘာခက်တာမှတ်လို့....ကိုလင်းဆီက...စာအုပ်တွေနဲ့...လုပ်လို့ရတာပဲ.....လိုက်ခဲ့လေဟာ..နင်လည်း...အိမ်မှာ.. တစ်ယောက်တည်း..စာလုပ်ရတာ...မပျင်းဘူးလား...သုံးယောက်အတူတူလုပ်တာပေါ့...ဟုတ်ဖူးလား......"

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now