15: Near and far

1.3K 149 7
                                    

(Unicode)

"ဘုရား...ဘုရား...ဘုရား..."

များပြားလှသော  လူအုပ်ကြီးကို အတင်းတိုးဝှေ့ကာ ကြည့်နေရသောကြောင့် ကြောက်စိတ်နှင့်အတူ ချွေး စေးများပင် ပြန်လာလေသည်။ကျွန်တော်က လူကောင်သေး၍ အတင်းတိုးဝှေ့ကြည့်နေရသည်။ ကိုလင်းကတော့ ခြေဖျားလေးထောက်လိုက်၊ ဓာတ်မီးလေးထိုးလိုက်ဖြင့် သိပ်အားမစိုက်ရချေ။ ချစ်ရိပ်ကတော့ ကျောင်းပေါက်ဝတွင်ပင် မကြည့်ရဲ၍ နေခဲ့လေသည်။

"တွေ့ပြီ...တွေ့ပြီ...ကိုလင်းရေ..."

ကျွန်တော့်အော်သံကြားတော့ ကိုလင်းအလျင်အမြန်ပင် အနားရောက်လာလေသည်။ ဟုတ်ပါသည် အောင်စာရင်းတွင် ပထမဆုံးတွေ့သည်က ချစ်ရိပ်နာမည် ၊ အောက်ကိုဆက်ကြည့်လိုက်တော့ သွေးသစ်စ ဆို​သော ​ကျွန်တော့်နာမည်ဘေးတွင် physics နှင့် Eco ဂုဏ်ထူးပါလေသည်။

သို့သော် ကိုလင်းနာမည်ကို ရှာမတွေ့သေး၍ ခေါင်းနပန်းကြီးသွားသည်။ ကာယကံရှင် ထက်ပို၍ မိမိကစိတ်လှုပ်ရှားနေသည်။ ကြည့်ရင်း ကြည့်ရင်းဖြင့် နောက်ဆုံးစာရွက် အောက်ဆုံးနားလောက်မှာ 'မောင်လင်းအံ့မင်း' ဟူ၍ ကိုလင်းနာမည်ပါလာလေသည်။ ကိုလင်းက Eco ဂုဏ်ထူးရသည်။

စိတ်မကောင်းစရာ ကတော့ ချစ်ရိပ် ဂုဏ်ထူးမပါပဲ ရိုးရိုးအောင်သည်ကိုပင်။ ကျွန်တော်တို့နှစ်ယောက်လုံး သူမကို ဘယ်လိုပြောပြရပါ့မလဲ...။

"ဘယ်လိုလဲဟင်...မြန်မြန်ပြောပါဟ.. ငါရင်တွေတုန်နေပြီ..."

ချစ်ရိပ်က အောင်စာရင်းကြည့်ပြီးပြန်လာသော ကျွန်တော်တို့နှစ်ယောက်ကို မြင်တော့ သိချင်စိတ်များဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ ကိုလင်းက ကျွန်တော်ပြောမထွက်မှန်းသိ၍

"ငါတို့သုံးယောက်လုံးအောင်ပါတယ်...သွေးသစ်က...နှစ်ဘာသာဂုဏ်ထူးပါတယ်...ငါက..Eco တစ်ဘာသာပါတယ်......"
"ချစ်ရိပ်ရော...ဟင်...ကိုလင်း...ပြောလေ..."

ကိုလင်း အမူအရာက နည်းနည်းစိတ်မကောင်းဖြစ်သွားသည်။ ပြီးတော့မှ

" ချစ်ရိပ်ကတော့...ဂုဏ်ထူးမပါဘူး....ရိုးရိုးပဲ..."
"ဟင်....တကယ်ပြောနေတာလား...ကိုလင်း..."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now