8: သုံးယောက်

1.5K 149 3
                                    

(Unicode)

"March...April....May....ဟင်း........"
သွေးသစ် တစ်ယောက်ပြက္ခဒိန်ကို ကြည့်ကာ သက်ပြင်းချနေမိသည်။

"ပျင်းလိုက်တာ!........ဟူး..."
"ညီသွေး....ဘာဖြစ်လို့အဲ့ဒီလောက်..သက်ပြင်းတွေချနေရတာလဲ......"

မိမိကိုယ်မိမိ သတိမထားမိသော်လည်း ကိုကိုကြီး က ကျွန်တော့်အားအရိပ်တကြည့်ကြည့် နေတတ်သောကြောင့်
"ဘာမှမဟုတ်ပါဘူး...ကိုကိုကြီးရယ်...."

"ဒါဆိုဘာလို့...ပြက္ခဒိန်..ကိုခဏခဏလှန်ကြည့်နေရတာလဲ......"

"............"

"ဘာလဲ...လင်းအံ့..ကို..သတိရနေတာလား?.."

ဟုတ်မည်ထင်ပါသည်။ ကိုးတန်းစာမေးပွဲဖြေပြီးကတည်းက ကိုလင်းတစ်ယောက် သူ့အဖွားရှိရာ ကလောသို့ အဖေဖြစ်သူ၏ အတင်းအဓမ္မ စေလွှတ်မှုကြောင့် သွားနေနေ ရသည်မှာ တစ်ပတ်ပင်ရှိသေးသည်။ မြင်နေကြလူ၊တွေ့နေကြလူကို မမြင်ရ မတွေ့
ရသည်မှာ တစ်ပတ်ဆိုတော့

"ညီသွေးကိုမပြောသွားဘူးလား...ဘယ်နေ့ပြန်လာမယ်လို့...."

"ကျောင်းဖွင့်ကာနီးမှ..ပြန်လာရမှာတဲ့...
အောင်စာရင်းတောင်...ကျွန်တော့်ကို..ကြည့်ခိုင်းထားတာ..."

"ဒါကြောင့်...ပြက္ခဒိန် ကြည့်...လတွေတွက်ပြီး..သက်ပြင်းချနေတာလား....." ဟူ၍ ကိုကိုကြီး ကရယ်ကျဲကျဲဖြင့် ပြောလေသည်။

ကိုကိုကြီးကို ကျွန်တော်ဘာမျှပြန်မပြောဖြစ်။ စိတ်ထဲတွင် တစ်ခုခုလိုနေသည်မှာတော့ အမှန်ပင်။ မသွားခင် နှုတ်ဆက်သွားသော ကိုလင်းမျက်နှာကို ပြန်ပြန်မြင်နေမိသည်မှာလည်း ဘယ်နှခါမှန်းပင်မသိတော့။

တော်သေးသည်က အခုတလော အလုပ်အားသည့်ရက်တိုင်း ကိုကိုကြီးက အိမ်ကို မကြာခဏရောက်ချလာတတ်သည်။ သို့ပေမယ့်လည်း ကျွန်တော့်အပေါ် အမြဲ အနစ်နာခံ၊ အနိုင်ကျင့်ခံသော ကိုလင်းနှင့် ကိုကိုကြီးကတော့ မတူပေဘူးလေ။

"ဘယ်သွားမလို့လဲ?... ညီသွေး..."
ထိုင်နေရာမှ ရုတ်တရက်ထကာ စက်ဘီးသော့ယူလိုက်တော့ ကိုကိုကြီးကမေးလေသည်။

"ရခိုင်မုန့်တီဆိုင်!.....ကိုကိုကြီး..စားဦးမလား?..."

"မစားတော့ပါဘူး....နေပူတယ်...ဦးထုပ်ဆောင်းသွားနော်....."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now