17: Trip (2)

1.3K 155 6
                                    

(Unicode)

သွေးသစ်တစ်ယောက် မိုးလင်းကာနီးမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ ကျွန်တော့်ကို တစ်ညလုံးကားပေါ်မှာ ပြုစုပေးနေရသည်မဟုတ်လား။ သူကလေး၏ ကျေးဇူး ကြောင့်ပင် ကျွန်တော်အတော်လေးသက်သာလာခဲ့ရသည်။ အခုတော့ ကျွန်တော့်ဘေးမှာ အတော်ကလေး အပူအပင်ကင်းကင်းနှင့် အိပ်ပျော်နေလေသည်။

အချိန်မှာလည်း မနက် ၆ နာရီပင်ရှိလေပြီ။ ကျောင်းသားများအားလုံးလည်း အလျိုအလျိုနိုးလာကြသည်။ တိတ်ဆိတ်ငြိမ်သက်နေရာမှ ကျောင်းသားများနိုးလာသောကြောင့် ကားတစ်စီးလုံး လှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။ ထိုအချိန် ဘေးခုံမှ ဆု က

"သွေးသစ်..အိပ်​နေတုန်းလား...ကိုလင်းအံ့နေမကောင်းလို့...သူတစ်ညလုံး...အလုပ်ရှုပ်နေတာ...သူ့ကြည့်ရတာ..ကလေးအမေကျနေတာပဲ...ကိုလင်းအံ့ ကိုပြုစုပေး...နေလိုက်တာများ...."
"သွေးသစ်က..စိတ်ပူတတ်လို့ပါ....."
ကျွန်တော် ပြန်၍ပြောလိုက်မိသည်။

"ကိုလင်းအံ့...ရော..စိတ်မပူဘူးလား...."
"ကျွန်တော်က...ဘာကိုပူရမှာလဲ....."
"သူများနောက်...ပါသွားမှာကိုလေ....နှောင့်နှေးနေရင်...ကျန်ခဲ့မှာပေါ့....."

သွေးသစ် မျက်နှာကလေးကို ကျွန်တော် တစ်ချက်ကြည့်လိုက်သည်။ နှောင့်နှေးနေတာ မဟုတ်ဘူး ရှေ့မတိုးဝံ့တော့တာပါ ဟုကျွန်တော်သူမ ကိုမပြောပြဖြစ်တော့။

ရှော်ပြာရွာသို့ရောက်ပြီး တစ်နာရီမျှ တောင်တက်လမ်းအကွေ့အကောက်များစွာကို ဖြတ်ပြီးနောက် ဥတိုတံတားသို့ ရောက်လာလေသည်။ စီနီယာကိုကို၊ မမကြီးများက မိမိအထုပ်အပိုးများကို သေချာစွာထုပ်ပိုးပြီး အဆင်သင့်ထားရှိရန်ပြောလာ၍ ကျွန်တော်လည်း ပစ္စည်း တစ်ချို့ကိုသိမ်းဆည်း ထုပ်ပိုးရန် ပြင်လေတော့ လက်ကိုင်ပဝါ အဝါလေးတစ်ထည် ကျွန်တော့်ခုံနောက်မှ ထွက်လာသည်။

တစ်ညလုံး ရေပတ်တင်ပေးထားသော အဝတ်က အိပ်ပျော်သွားတုန်းလျှောကျကာ ထိုင်ခုံအောက်ရောက်နေသည်ထင်။လက်ကိုင်ပဝါတွင် TTS ဟူ၍အတိုကောက်ရေးထိုးထားသည်။ သွေးသစ်ပဝါကိုလျှော်ပြီးမှပေးရန် စိတ်ကူးမိ၍ အိတ်ကပ်ထဲ ထည့်လိုက်မိသည်။ ခဏကြာတော့ သူကလေးနိုးလာသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now